တောင်ကိုရီးယားမင်းသား Namgoong Min ဟာဆိုရင် ပြီးခဲ့တဲ့အောက်တိုဘာလ ၇ ရက်နေ့က ချစ်ဇနီးလေး မော်ဒယ် Jin Ah Reum နဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မင်္ဂလာပွဲလေးကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ မင်းသားNamgoong Min က သရုပ်ဆောင်အလုပ်လုပ်တဲ့သူဖြစ်ရုံသာမက ဒါရိုက်တာ ၊ ဇာတ်ညွှန်းရေးသူတစ်ယောက်လည်းဖြစ်ပါတယ်။ 

Google

Namgoong Min က အသက် ၄၄ နှစ်အရွယ်မှာ မင်္ဂလာပွဲဆင်နွှဲခဲ့တာဖြစ်ပြီး ပရိသတ်တွေအားလုံးကလည်း သူ့ရဲ့မင်္ဂလာပွဲကို ဝိုင်းဝန်းပြီးကောင်းချီးပေးထားကြပါတယ်။ 

Google

မကြာသေမီးက Namgoong Min ရဲ့ ဇနီးအသစ်စက်စက်လေးက သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာမင်္ဂလာဆောင်ဓာတ်ပုံအလှလေးတွေ ဝေမျှပေးခဲ့ပါတယ်။ ဓာတ်ပုံလေးထဲမှာ ချစ်ဖို့ကောင်းလွန်းလှတဲ့ မင်္ဂလာသတို့သားနဲ့သတို့သမီးလေးက နတ်ဖက်တဲ့စုံတွဲလေးအလား လိုက်ဖက်လွန်းနေပါတယ်။ 

Google 
Google

Namgoong Min နဲ့ မော်ဒယ် Jin Ah Reum တို့က ဒါရိုက်တာနဲ့သရုပ်ဆောင်အဖြစ် ၂၀၁၅ ခုနှစ်မှာ Light My Fire ဇာတ်လမ်းနဲ့ တွေ့ဆုံခဲ့ကြတာဖြစ်ပြီး ချစ်သူသက်တမ်း ၇ နှစ်အကြာမှာ လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။

Google 

 ကြည်နူးဖို့ကောင်းလွန်းလှတဲ့မင်္ဂလာပွဲ ပုံရိပ်လေးတွေကို နှလုံးသားနဲ့ဝေမျှပေးခဲ့တဲ့ မင်းသား Namgoong Min ရဲ့သတို့သမီးလေးအကြောင်းကိုပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။