F4 ချစ်သူဇာတ်လမ်းတွဲမှာ အိုးမင်းသားလေးလို့ နာမည်ကြီးခဲ့တဲ့ မင်းသား Kim Bum ဟာဆိုရင်တောင်ကိုရီးယားမင်းသမီး Oh Yeon Seo နဲ့ ချစ်ကြိုက်ခဲ့ပြီး တရားဝင်တွဲခဲ့တဲ့သူဖြစ်ပါတယ်။ 

Google

သူတို့စုံတွဲလေးက A Korean Odyssey ဇာတ်လမ်းတွဲရိုက်ကူးပြီးတဲ့နောက် ၁ နှစ်နီးပါးအကြာမှာ ချိန်းတွေ့ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။ သူတို့နှစ်ဦးက ချိန်းမတွေ့ခင်မှာ အရမ်းကို ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်ခဲ့ကြပြီး အချင်းချင်း သံယောဇဉ်တွေတိုးကာ ချစ်ကြိုက်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။ 

Google
Google

Select an imageKim Bum နဲ့ Oh Yeon Seo တို့က အချိန် ၁၀ လာကြာသာ တွဲခဲ့ကြပြီး လမ်းခွဲသတင်းကြေညာခဲ့တဲ့ စုံတွဲလေးဖြစ်တာကြောင့် ပရိသတ်တွေက သူတို့နှစ်ဦးကို အခုအချိန်မှာပြန်ပြီး လက်တွဲစေချင်နေကြပါတယ်။ Kim Bum က လမ်းခွဲပြီးနောက်မှာ ချက်ချင်း စစ်မှုထမ်းဆောင်ခဲ့တာကြောင့် တချို့ပရိသတ်တွေကလည်း စစ်မှုထမ်းဆောင်မှုကြောင့် လမ်းခွဲတာဖြစ်တယ်လို့ ခန့်မှန်းထားကြပါတယ်။ 

Google
Google

Kim Bum နဲ့ Oh Yeon Seo တို့စုံတွဲလေးက မတ်လ ၂၀၁၈ ခုနှစ်မှာ တရားဝင်တွဲခဲ့ပြီး ချစ်သူများနေ့မတိုင်ခင် ဖေဖော်ဝါရီလ ၂၀၁၉ ခုနှစ်မှာ လမ်းခွဲခဲ့ကြပါတယ်။

Google
Google

အိုးမင်းသားလို့ လူသိများတဲ့ Kim Bum က မင်းသမီး  Oh Yeon Seo ထက် ၂ နှစ်တိတိ ပိုငယ်ပါတယ်။ သူငယ်ချင်းကနေ ချစ်သူရည်စားတွေဖြစ်ခဲ့ပြီး လမ်းခွဲခဲ့ကြတဲ့ ပြည်သူ့အချစ်တော် မနဲ့မောင်စုံတွဲလေး Kim Bum နဲ့ Oh Yeon Seo တို့ရဲ့အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

Google
Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။