တောင်ကိုရီးယားနာမည်ကျော် မင်းသမီးဖြစ်တဲ့ Gong Hyo Jin ဟာဆိုရင် ဒီကနေ့မှာ သူမရဲ့ ချစ်သူကောင်လေးနဲ့ နယူးယောက်မြို့မှာ လက်ထပ်တော့မယ်လို့ သိရပါတယ်။ ဒီအကြောင်းအရာကို အောက်တိုဘာလ ၁၁ ရက်နေ့မှာ Spotify News က ကြေညာပေးခဲ့တာဖြစ်ပါတယ်။ ကြေညာချက်အရ Gong Hyo Jin နဲ့ သူမထက်အသက် ၁၀ နှစ်ငယ်တဲ့ Kevin Oh တို့က အောက်တိုဘာလ ၁၁ ရက်နေ့ ၊ ကိုရီးယားစံတော်ချိန် မနက်ပိုင်းအချိန်မှာ မင်္ဂလာပွဲ ကျင်းပသွားမှာဖြစ်တယ်လို့ သိရပြီး မင်္ဂလာပွဲကို အကျဉ်းချုံးသာ ကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ 

Google
Google

မင်းသမီး Gong Hyo Jin နဲ့ အဆိုတော် Kelvin Oh တို့က  တွဲနေတယ်လို့ တရားဝင်ကြေညာပြီး ၆ လအကြာမှာပဲ လက်ထပ်ခဲ့ကြတာဖြစ်တာကြောင့် လက်ထပ်တာအရမ်းမြန်တဲ့ အနုပညာရှင်စုံတွဲတွေထဲက တစ်တွဲပဲ ဖြစ်ပါတယ်။ သူတို့နှစ်ဦးက အသက် ၁၀ နှစ်ကွာပေမယ့် အသက်အရမ်းကွာတယ်လို့ မထင်ရဘဲ အရမ်းကို လိုက်ဖက်မှုရှိနေတာကြောင့် ပရိသတ်တွေက ချစ်မဝ ဖြစ်နေတဲ့ စုံတွဲလေးဖြစ်ပါတယ်။ 

Google
Google

မင်းသမီး  Gong Hyo Jin  က မင်္ဂလာပွဲကို တောင်ကိုရီးယားမှာ မကျင်းပဘဲ ချစ်သူကောင်လေးရဲ့မွေးရပ်မြေဖြစ်တဲ့ အမေရိကားထိသွားပြီး ကျင်းပပြုလုပ်ပေးတာကြောင့် ပရိသတ်တွေက သူမရဲ့စိတ်ဓာတ်လေးကို ချီးကျူးထားကြပါတယ်။

Google
Google

ဒီကနေ့မှာ ချစ်သူကောင်လေးနဲ့ လက်ထပ်ပြီး အပျိုကြီးဘဝကနေ ကျွတ်သွားပြီဖြစ်တဲ့ တောင်ကိုရီးယား မင်းသမီး Gong Hyo Jin ကို ဂုဏ်ပြုပေးရင်း အခုအကြောင်းအရာလေးကို ဝေမျှပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။