ဂျင်ဆန်းမီလို့ လူသိများတဲ့ တောင်ကိုရီးယားမင်းသမီး Park Chae Rim ဟာဆိုရင် မသိတဲ့လူမရှိလောက်အောင်ကိုနာမည်ကြီးခဲ့တဲ့ မင်းသမီး တစ်လတ်ဖြစ်ပါတယ်။ 

Google

Park Chae Rim  က အိမ်ထောင်နှစ်ဆက်နဲ့ ကွာရှင်းပြီးနောက်မှာ Single Mother အဖြစ် ဘဝကြီးကို အကောင်းဆုံးဖြစ်လာအောင် ကြိုးစားရပ်တည်နေလျက်ရှိပါတယ်။ 

Google

Park Chae Rim က သားလေးကို အရမ်းချစ်တဲ့သူဖြစ်ပြီး သူမရဲ့သားလေးကသာ သူမကို ရယ်မောအောင်လုပ်ပေးနိုင်တဲ့သူ ၊ ပျော်ရွှင်အောင်လုပ်ပေးနိုင်တဲ့သူလို့ သတ်မှတ်ထားတဲ့ သူဖြစ်ပါတယ်။ Park Chae Rim  က လက်ရှိမှာအနုပညာအလုပ်တွေကနေ ရပ်နားထားပြီး ကိုယ်ပိုင်စီးပွါးရေးလုပ်ငန်းအတွက် ကြိုးစားနေတာဖြစ်ပါတယ်။ 

Google

သူမရဲ့အလှကုန်အမှတ်တံဆိပ်လေးဖြစ်တဲ့ Wooliliwoo ဟာဆိုရင်လည်း လက်ရှိမှာစျေးကွက်ထဲကို ရောက်ရှိနေပြီးတောင်ကိုရီးယားနိုင်ငံအပြင် အမေရိကားကိုပါ ဖြန့်ဝေလျက်ရှိနေပြီလို့သိရပါတယ်။ Park Chae Rim  က မကြာသေးမီက သူမရဲ့ ကိုယ်ပိုင် ဆိုင်လေးကို သားလေးနဲ့အတူ သွားရောက်ကြည့်ရှုနေတဲ့ပုံလေး ဝေမျှပေးလာခဲ့ပါတယ်။ 

Instagram 

ဓာတ်ပုံလေးထဲမှာ Park Chae Rim နဲ့သူမရဲ့သားလေးတို့က ဝမ်းသာပျော်ရွှင်နေကြပြီး ပီတိဖြစ်နေကြတာကိုအထင်အရှားတွေ့ရပါတယ်။ 

Instagram 

ကိုယ်တိုင်ဖွင့်လှစ်ထားတဲ့ ဆိုင်လေးကို သွားရောက်ကြည့်ရှုနေကြတဲ့ မင်းသမီးဆန်းမီတို့ သားအမိရဲ့ ပုံရိပ်လေးကို ချစ်စဖွယ်လေးဖော်ပြပေးလိုက်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။