တောင်ကိုရီးယားကလေးသရုပ်ဆောင်လေး Moon Geun Young ဟာဆိုရင် အချိန်အတော်ကြာ အနုပညာလောကကနေ ပျောက်ကွယ်သွားပြီးနောက်မှာ ပရိသတ်တွေအရှေ့ကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ Moon Geun Young က ၁၉၉၉ ခုနှစ်ကတည်းက အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့တဲ့သူဖြစ်ပြီး ဆောင်းဦးရွက်ကြွေချစ်သက်သေ ဇာတ်လမ်းမှာ အွန်ဆော အငယ်လေးအဖြစ် ပရိသတ်တွေကြားမှာ နာမည်ကြီး လူကြိုက်များခဲ့ပါတယ်။

Google

Moon Geun Young က ကျန်းမာရေးအခြေအနေကြောင့် ခွဲစိတ်မှုတွေလုပ်ခဲ့ရပြီး အနုပညာလှုပ်ရှားမှုကနေပါအနားယူခဲ့ရပါတယ်။ အချိန်အတော်ကြာ အနားယူပြီးနောက်မှာတော့ Moon Geun Young က ပရိသတ်ရှေ့ကို မပြောင်းလဲမျက်နှာလေးနဲ့ ပြန်လည်ရောက်ရှိလာပါတယ်။ 

Google
Google

Moon Geun Young က Busan International Film Festival 2022 ပွဲအခမ်းအနားကို တက်ရောက်ခဲ့ပြီး ပွဲအခမ်းအနားမှာရိုက်ထားတဲ့ ဓာတ်ပုံလေးကို ပရိသတ်တွေအရှေ့ကို ချပြခဲ့ပါတယ်။ 

Google

Moon Geun Young က လက်ရှိမှာ အသက် ၃၆ နှစ်အရွယ်ရှိပြီဆိုပေမယ့် နုပျိုချောမောပြီး ငယ်ရုပ်မပျောက်သေးဘဲ ချစ်ဖို့ကောင်းနေဆဲပဲဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။