တောင်ကိုရီးယားမင်းသမီး Kim Hee Sun ဟာဆိုရင် တစ်ခေတ်တစ်ခါက လီဟန်နီအဖြစ် မြန်မာပရိသတ်တွေကြားမှာ လူကြိုက်များရေပန်းစားတဲ့သူဖြစ်ပါတယ်။ Kim Hee Sun က တောင်ကိုရီးယားမှာလည်း ပရိသတ်တွေရဲ့အားပေးမှုကို အပြည့်အဝရရှိထားတဲ့သူဖြစ်ပြီး အခုအရွယ်အထိကို လှပချောမောတဲ့သူအဖြစ် သတ်မှတ်ခြင်းခံခဲ့ရတဲ့ မင်းသမီးဖြစ်ပါတယ်။ 

Google

Kim Hee Sun ရဲ့ မျက်နှာက ပရိသတ်တွေသဘောကျရတဲ့ မျက်နှာပုံစံမျိုးဖြစ်ပြီး ပရိသတ်အများစုက သူမကိုမင်းသမီးကင်တေဟီးနဲ့ ဂျောင်ဂျီဟွန်းတို့ထက် ပိုချောတဲ့သူလို့ သတ်မှတ်ကြပါတယ်။ Kim Hee Sun က လှပလွန်းတာကြောင့် နိုင်ငံ့အလှဆုံး လို့တောင် အပြင်လက်တွေ့ဘဝမှာ ပြောစမှတ်တွင်နေပါတယ်။ 

Google
Google
Google

Kim Hee Sun က အောင်မြင်နေတဲ့ သရုပ်ဆောင်တစ်ယောက်ဆိုပေမယ့် အများသုံးမီးရထားစီးပြီး လမ်းဘေးမှာဆိုဂျိုးသောက်တတ်တဲ့သူဖြစ်ပါတယ်။ သာမန်ဘဝကိုမြတ်နိုးပြီး သာမန်လူတစ်ယောက်လိုနေထိုင်တတ်တဲ့မင်းသမီးကြီး Kim Hee Sun က စိတ်ပျိုလို့ကိုယ်နုတာလားလို့ မပြောတတ်ပေမယ့်သူမအသက်က လက်ရှိမှာ ၄၅နှစ်ကျော်နေပြီပဲဖြစ်ပါတယ်။ 

Google

Kim Hee Sun က ၂၀၀၇ ခုနှစ်မှာလက်ထပ်ခဲ့ပြီး သမီးလေးတစ်ယောက်ကို ရရှိပိုင်ဆိုင်ထားပါတယ်။ နာမည်ကျော်မင်းသမီး ကင်တေဟီး ၊ ဂျောင်ဂျီဟွန်းတို့ထက်ပိုပြီး လှပချောမောတယ်လို့ သတ်မှတ်ခြင်း ခံထားရတဲ့မင်းသမီး လီဟန်နီခေါ် Kim Hee Sun ရဲ့အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။