ဘောလိဝုဒ်အကျော်အမော် စုံတွဲလေးဖြစ်တဲ့ အိန္ဒိယမင်းသမီး နရန်သာရာနဲ့ ဒါရိုက်တာ ဗစ်နက်ရှ်တို့စုံတွဲလေးဟာသူတို့ရဲ့ ရင်သွေးဦးအမွှာလေးတွေကို ပြီးခဲ့တဲ့ သီတင်းကျွတ်လပြည့်နေမှာအောင်မြင်စွာမွေးဖွားခဲ့ကြပါတယ်။ သူတို့နှစ်ဦးက အခုနှစ် ဇူလိုင်လကမှ ချင်းနိုင်းပြည်မှာ လက်ထပ်ခဲ့ကြတာဖြစ်လို့ လက်ထပ်ထားတာ ၃ လပဲရှိပါသေးတယ် ။ လက်ထပ်ထားတာ ၃ လပဲရှိသေးပေမယ့်အခုလို အချိန်တိုအတွင်း ရင်သွေးရရှိခဲ့တဲ့အကြောင်းအရင်းကတော့ အငှါးကိုယ်ဝန်ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ 

Google
Google
Google

နရန်သာရာတို့စုံတွဲက လက်မထပ်ခင် ၂၀၂၂ နှစ်စ လောက်ကတည်းက အငှါးကိုယ်ဝန်အတွက် စတင် ပြင်ဆင်ခဲ့တာဖြစ်တာကြောင့် အခုလို အချိန်တိုအတွင်း အမွှာလေးတွေ မွေးဖွားခဲ့တာဖြစ်ပါတယ်။ အငှါးကိုယ်ဝန်ဆိုတာ မိခင်ဖခင်တို့ရဲ့ မျိုးဥနဲ့ ဗိုက်ငှါးပြီး ကလေးမွေးပေးတဲ့ ပုံစံမျိုးဖြစ်ပါတယ်။

Google
Google
Google

နရန်သာရာတို့က သူတို့ရဲ့ အမွှာ သားလေးနှစ်ယောက်ကို Uyir နဲ့ Ulagam လို့ အမည်ပေးခဲ့ပြီး အဓိပ္ပါယ်က Tamil ဘာသာစကားအရ သတ်မှတ်ရရင် ဘဝလောကနဲ့ကမ္ဘာကြီးလို့ အဓိပ္ပါယ်ရပါတယ်။ အမွှာသားဦးလေးတွေကိုအောင်မြင်စွာ ကျန်းကျန်းမာမာမွေးဖွားနိုင်ခဲ့တာကြောင့် နရန်သာတို့ စုံတွဲကို ပရိသတ်တွေက ဂုဏ်ပြုပေးထားကြပါတယ်။ 

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။