ဗီယက်နမ် အလှမယ်လေး  ငုရင်ဒိုင်ယာနာ ဟာဆိုရင် ဒီကနေ့ အောက်တိုဘာလ ၉ ရက်နေ့မှာ ရုတ်တရက်ကွယ်လွန်သွားတယ်လို့သိရပါတယ်။  ငုရင်ဒိုင်ယာနာ က ၂၀၁၉ ခုနှစ်မှာ Miss Universe Vietnam အဖြစ် ထိပ်ဆုံး ဆန်ကာတင် ၁၅ ယောက်မှာ ပါဝင်ခဲ့တဲ့သူဖြစ်ပါတယ်။ 

Photo credit to Miss Universe Vietnam 
Photo credit to Miss Universe Vietnam 

လက်ရှိမှာ ဗီယက်နမ်အလှမယ်  ငုရင်ဒိုင်ယာနာ   ကွယ်လွန်ဆုံးပါးသွားတဲ့သတင်းကလွဲလို့ သေဆုံးသွားရတဲ့အကြောင်းအရင်းကို ဘယ်သူမှ မသိကြသေးပါဘူး။ ဗီယက်နမ်အလှမယ်လေး  ငုရင်ဒိုင်ယာနာ က ချောမောလှပပြီး ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့သူအဖြစ် နာမည်ကြီးပြီး လူချစ်လူခင်ပေါများတဲ့ သူဖြစ်ပါတယ်။ 

Photo credit to Miss Universe Vietnam 
Photo credit to Miss Universe Vietnam 

ဗီယက်နမ်အလှမယ်လေး  ငုရင်ဒိုင်ယာနာ  ကွယ်လွန်ဆုံးပါသွားခဲ့ရတဲ့အတွက် ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေကစိတ်မကောင်းဝမ်းနည်းဖြစ်နေကြပြီး များစွာ နှမြောနေကြပါတယ်။ ကောင်းရာသုဂတိလားပါစေ  ငုရင်ဒိုင်ယာနာရေ .. 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။