တောင်ကိုရီးယားမင်းသမီးကြီး Kim Mi Kyung ဟာဆိုရင် မကြာသေးမီက လူမှုကွန်ရက်စာမျက်နှာပေါ်မှာလုပ်ဖော်ကိုင်ဖက် သရုပ်ဆောင်တွေနဲ့အတွဲရိုက်ထားတဲ့ ဓာတ်ပုံလေးဝေမျှပေးလာခဲ့ပါတယ်။ အဆိုပါဓာတ်ပုံထဲမှာနာမည်ကြီး သရုပ်ဆောင်တွေဖြစ်တဲ့ Yoon Sa-bong ၊ Lee Kyu-hyung၊Heo Gyu-nim တို့အပါအဝင် မကြာသေးမီက ပရိသတ်တွေ စိတ်ဝင်စားမှု မြင့်တက်ခြင်းခံနေရတဲ့ မင်းသမီး ကင်တေဟီးလည်း ပါဝင်နေပါတယ်။ 

Google 

ဓာတ်ပုံထဲမှာ ကင်တေဟီးရဲ့ မျက်နှာလေးက ပြုံးရွှင်ပြီး ဝင်းပနေတာကြောင့် ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို များစွာရရှိနေပါတယ်။ 

Google 
Google 

ကင်တေဟီးရဲ့ အမျိုးသားဖြစ်တဲ့ သရုပ်ဆောင် အဆိုတော် ရိန်းက မကြာသေးမီက ဂေါက်ရိုက်ကစားသမား အမျိုးသမီးတစ်ဦးနဲ့ ဖောက်ပြန်နေတယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ရှိခဲ့တာကြောင့် ပရိသတ်တွေက ကင်တေဟီးရဲ့ အခြေအနေကို အရမ်း သိချင်နေကြတာဖြစ်ပါတယ်။ 

Google 

အခုလိုမျိုး အပူအပင်ကင်းကင်းနဲ့ ပြုံးရွှင်နေတဲ့ ကင်တေဟီးရဲ့ ပုံစံကို မြင်လိုက်ရတဲ့အချိန်မှာ အရမ်းကို ကျေနပ်ပီဖြစ်ပြီး ဝမ်းသာနေကြပါတယ်။

Google 
Google 

မင်းသမီးကြီး Kim Mi Kyung နဲ့ ကင်တေဟီးတို့က Hi Bye, Mama! ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ရင်းခင်မင်ရင်းနှီးခဲ့ကြတာဖြစ်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။