တောင်ကိုရီးယားမင်းသားကြီး Kim Sung Min ဟာဆိုရင် ကျန်းမာရေးအသိပညာပေး ဗီဒီယိုလေးတွေကို အမြဲဝေမျှပေးနေတဲ့ သွားဆရာဝန်မလေးနဲ့ ၂၀၁၃ ခုနှစ်က လက်ထပ်ခဲ့တာဖြစ်ပါတယ်။ 

Google

မင်းသားကြီး Kim Sung Min  တစ်ယောက်ဇနီးသည်နဲ့ ချစ်လို့ လက်ထပ်ခဲ့တာလို့ ယုံကြည်ခဲ့ကြပေမယ့် သူတို့နှစ်ဦးရဲ့ အိမ်ထောင်ရေးက ထင်ထားသလောက် မလွယ်ကူခဲ့ပါဘူး။ အိမ်ထောင်ကျပြီးနောက်မှာ သူတို့နှစ်ယောက်က အမြဲတမ်းလိုလို ရန်ဖြစ်နေခဲ့ကြပြီး ဇနီးဖြစ်သူကိုယ်တိုင်လည်း သူမရဲ့ အမှားကြောင့် ခင်ပွန်းဖြစ်သူ ပျက်စီးရတာလို့ ဝန်ခံခဲ့ဖူရပါတယ်။ 

Google 

မင်းသား Kim Sung Min  ဟာ လက်ထပ်ပြီးနောက်မှာ မူးယစ်ဆေး သုံးစွဲခဲ့တယ်လို့ သတင်းထွက်ခဲ့ပြီး ဇနီးဖြစ်သူကိုယ်တိုင်လည်း သူမကြောင့် ခင်ပွန်းဖြစ်သူ မူးယစ်ဆေးစွဲခဲ့တာလို့အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 

Google

မင်းသားကြီးKim Sung Min  က ဇနီးဖြစ်သူနဲ့ အခြေအတင် ကတောက်ကဆဖြစ်မှုတွေ များလာတာကြောင့် အရင်က တစ်ခါမှမလုပ်ဖူးတဲ့ ဆိုးရွားတဲ့အရာတွေကိုလုပ်ခဲ့ပြီး သေကြောင်း ကြံစည်တဲ့အထိကို ဖြစ်ခဲ့တယ်လို့သိရပါတယ်။

Google

Kim Sung Min  က သူ့ရဲ့ရင်ထဲမှာ ခံစားမှုတွေ မကျေနပ်ချက်တွေ ပြည့်လာတိုင်း စာရွက်မှာချရေးပြီး ဇနီးဖြစ်ဆီသူကို ပို့ခဲ့တယ်လို့ သိရပါတယ်။ Kim Sung Min  က အဆိုပါ စာတွေကိုဖတ်ပြီးနောက်မှာ သူမကိုယ်သူမ ကြောက်ဖို့ကောင်းတဲ့မိန်းမဆိုတာ သတိထားမိခဲ့ပြီး ခင်ပွန်းဖြစ်သူအပေါ် ဘယ်လောက်ထိ ရက်စက်ခဲ့လဲဆိုတာသဘောပေါက်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် သူမနားလည်သွားချိန်မှာ နောက်ကျသွားခဲ့ပါပြီ။ 

Google

မင်းသား Kim Sung Min  က ဇနီးဖြစ်သူနဲ့ ရန်ဖြစ်တဲ့နောက်ဆုံးအခေါက်မှာ ကိုယ့်ကိုယ်ကိုသတ်သေမယ်လို့ ကြုံးဝါးခဲ့ပြီး ရေချိုးခန်းထဲမှာ ပြောတဲ့အတိုင်း လုပ်ခဲ့ပါတယ်။ မိန်းမဖြစ်သူက ချက်ချင်းရဲစခန်းကိုဖုန်းဆက်ပြီး အကူအညီတောင်းခဲ့တာကြောင့် အသက်မသေခဲ့ပေမယ့်လည်း ဦးနှောက်သေသွားတာကြောင့် မိသားစု ထောက်ခံချက်နဲ့ ခန္ဓာကိုယ်ကိုလှူဒါန်းခဲ့ပြီး သေသူအဖြစ် ဆောင်ရွက်ခဲ့ရတယ်လို့ သိရပါတယ်။ 

Google

မင်းသား Kim Sung Min  ကြောင့်လား အမျိုးသမီး ဆိုးလို့လားဆိုတာ မသိပေမယ့် လျှမ်းလျှမ်းတောက်မင်းသားတစ်ယောက် အခုလိုမျိုး ဆုံးပါးသွားရတာ တကယ် နှမြောဖို့ကောင်းလွန်းလှပါတယ်။ တောင်ကိုရီးယားမင်းသားကြီး Kim Sung Min  ဟာ ဇနီးဖြစ်သူနဲ့ လက်ထပ်အပြီး ၃ နှစ်အကြာ ၂၀၁၆ ခုနှစ်မှာ ဆုံးပါးသွားခဲ့ပါတယ်။ 

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။