တောင်ကိုရီးယားမင်းသမီး ဟာဂျီဝန်းဟာဆိုရင် အသက် ၄၄ နှစ်အရွယ်အထိ ဘဝလက်တွဲဖော်မရှာဘဲ ဘဝကြီးကိုပျော်ရွှင်စွာ ဖြတ်သန်းနေတာဖြစ်ပါတယ်။ ဟာဂျီဝန်းရဲ့ အဖေနဲ့ မောင်ဖြစ်သူတို့က ရှေ့ဆင့်နောက်ဆင့် ဆုံးပါးသွားခဲ့တာကြောင့် ဟာဂျီဝန်းအနေနဲ့ ဘဝကြီးကို အထီးကျန်စွာ ဖြတ်သန်းနေရမှာကို ပရိသတ်တွေက စိုးရိမ်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ဟာဂျီဝန်းက ဘဝကို အရှုံးမပေးဘဲ သူ့မရဲ့ဘဝကြီးကို ပျော်ရွှင်စွာဖြတ်သန်းလို့နေပါတယ်။ 

Google
Google

အခုတစ်ခေါက်မှာလည်း ဟာဂျီဝန်းက သူမရဲ့နေအိမ်လေးမှာပဲ အိမ်တွင်းပုန်းလေးအဖြစ် ပျော်ရွှင်နေတဲ့ ဗီဒီယိုလေးတွေကို ဝေမျှပေးလာခဲ့ပါတယ်။  

Instagram 

ပထမဗီဒီယိုလေးထဲမှာ ဟာဂျီဝန်းက သူမရဲ့ အိမ်ပေါ်က သစ်ပင် လေးကို ရေးလောင်းရင်းပျော်ရွှင်စွာ ကခုန်နေတာဖြစ်ပါတယ်။ ဒုတိယ ဗီဒီယိုလေးထဲမှာတော့ မီးရှူးမီးပန်းတွေဖောက်တာကို ထအော်ရင်း ကလေးတစ်ယောက်လို ပျော်ရွှင်နေတာဖြစ်ပါတယ်။ 

Instagram 

အိမ်ထဲမှာနေရင်း ကလေးတစ်ယောက်လိုမျိုး ပျော်ရွှင်နေတဲ့ အသက် ၄၀ ကျော်အရွယ် မင်းသမီး ဟာဂျီဝန်းရဲ့ ပုံရိပ်လေးကချက်ချင်းဆိုသလိုပဲ ပရိသတ်တွေကိုပါ အပျော်ကူးစက်သွားစေခဲ့ပါတယ်။ 

Google

ပရိသတ်အချစ်တော်မင်းသမီးလေး ဟာဂျီဝန်းရဲအိမ်တွင်းပုန်း ဗီဒီယိုလေးကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ 

Instagram 
Instagram 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။