တောင်ကိုရီးယားမင်းသမီး ဂိုဟေဆန်းဟာဆိုရင် အောက်တိုဘာလ ၅ ရက်နေ့တုန်းက Busan Film Festival Awards ဆုပေးပွဲ အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။ပွဲအခမ်းအနားမှာ ဂိုဟေဆန်းက V လည်ပင်းပုံစံ ဂါဝန်အနက်ရောင်ကို ဝတ်ဆင်ထားပြီး ဒေါက်မြင့်ဖိနပ်ချွန်ချွန်စီးထားပါတယ်။ ဂိုဟေဆန်းရဲ့ ပုံစံက အရမ်းကို ချစ်ဖို့ကောင်းလွန်းနေပြီး မျက်နှာလေးကလည်း ဖောင်းဖောင်းပြည့်ပြည့်လေး ဖြစ်နေပါတယ်။ 

Google
Google
Google

အဆိုပါပွဲမှာ ဂိုဟေဆန်းက F4 ချစ်သူဇာတ်လမ်းတွဲထဲမှာ အတူတူပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသား လီမင်ဟိုနဲ့ထပ်မံ ဇာတ်လမ်းတွဲ ရိုက်ကူးချင်ကြောင်း ဆိုလာခဲ့ပါတယ်။ 

Google

ဂိုဟေဆန်းက လီမင်ဟိုနဲ့ တွဲပြီး ဇာတ်လမ်းတွဲရိုက်ကူးဖို့ကို အချိန်အကြာကြီးစောင့်ခဲ့ရတာဖြစ်ပြီး ၂၀၂၀ခုနှစ်တုန်းကလည်း အဆိုပါ အခွင့်အရေးကို လက်လွှတ်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ထပ်မံအခွင့်အရေးရမယ်ဆိုရင် ဂိုဟေဆန်းက မင်းသား လီမင်ဟိုနဲ့အတူ ဇာတ်လမ်းတွဲ ရိုက်ကူးဖို့ မျှော်လင့်နေတယ်လို့ အင်တာဗျူးမှာ ဖွင့်ဟပြောဆိုခဲ့ပါတယ်။ 

Google
Google

မင်းသမီး ဂိုဟေဆန်းနဲ့ လီမင်ဟိုတို့က F4 ချစ်သူဇာတ်လမ်းတွဲ (Boys Over Flower ) နဲ့ နာမည်ကြီး A-list သရုပ်ဆောင်တွေ ဖြစ်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ ပရိသတ်တွေရဲ့ အချစ်တော် စုံတွဲလေးအဖြစ် ရပ်တည်လျက်ရှိပါတယ်။ 

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။