တောင်ကိုရီးယားမင်းသမီး ပတ်ရှင်ဟေးဟာဆိုရင် အချိန်အကြာကြီးနေပြီးမှ ပရိသတ်တွေဆီကို ပုံလေးတစ်ပုံနဲ့အတူ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ ဓာတ်ပုံလေးထဲမှာ ပတ်ရှင်ဟေးက သူမရဲ့ကြောင်လေးဖြစ်တဲ့ Harry နဲ့အတူတူတွဲပြီး အိမ်ရာထဲမှာ နီးနီးကပ်ကပ်ရှိနေတာဖြစ်ပါတယ်။ ပတ်ရှင်ဟေးက မကြာသေးမီအချိန်က သားဦးလေးကို မွေးဖွားခဲ့တာဆိုပေမယ့် သားလေးရဲ့ ဓာတ်ပုံလေးကို တစ်ခါမှ မတင်ဖူးသေးပါဘူး။ 

Google

ပတ်ရှင်ဟေးက အသက် ၃၀ ကျော်အရွယ် ကလေးတစ်ယောက်အမေဖြစ်ပေမယ့် အသက် ၂၀ အရွယ်ကောင်မလေးလိုမျိုး ချစ်ဖို့ကောင်းပြီး နူးညံ့လွန်းနေပါတယ်။ပတ်ရှင်းဟေးရဲ့ပုံစံက အရင်တုန်းကထက်ပိုပြီးမျက်နှာဖောင်းဖောင်း အစ်အစ်လေးဖြစ်နေပေမယ့်လည်း လှပချောမောမှုတွေကတော့ လုံးဝ မပျောက်သွားသေးပါဘူး။ 

Instagram
Instagram

တောင်ကိုရီးယားမင်းသမီး Park Shin-hye နဲ့ မင်းသား Choi Tae Joon တို့က ၄ နှစ်ကြာတွဲပြီး ၂၀၂၂ ခုနှစ်ဇန်နဝါရီလမှာ လက်ထပ်ခဲ့တာဖြစ်ပါတယ်။ 

Instagram

ပတ်ရှင်ဟေးက မေလမှာ သားဦးလေးတစ်ယောက်ကို မွေးဖွားထားပြီးအနုပညာလှုပ်ရှားမှုတွေ အားလုံးကနေ ရပ်နားထားပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။