တောင်ကိုရီးယားအဆိုတော် ၊ သရုပ်ဆောင်ရိန်း အမျိုးသမီး ဂေါက်ရိုက်ကစားသမားဖြစ်သူနဲ့ ဖောက်ပြန်နေတယ်ဆိုတဲ့သတင်းတွေ အောက်တိုဘာလ ၆ ရက်နေ့မှာ ထွက်ရှိလာခဲ့ပါတယ်။ 

Google
Google

ပြန့်နှံ့လာတဲ့ ကောလာဟလတွေနဲ့ ပတ်သက်ပြီး ဖြစ်နိုင်ချေ အရှိဆုံးသူကို မင်းသားရိန်းနဲ့ ဂျိုဂျန်းဆွတ်တို့ကိုထင်ကြေးပေးခဲ့ကြပေမယ့် နှစ်ဦးစလုံးက ငြင်းဆန်ခဲ့ကြပါတယ်။ 

Google

ခင်ပွန်းဖြစ်သူရိန်း ဖောက်ပြန်တယ်ဆိုတဲ့ကောလာဟလနဲ့ ပတ်သက်ပြီးတော့လည်း ဇနီးဖြစ်သူ ကင်တေဟီးရဲ့ အေဂျင်စီဘက်ကနေ တုံ့ပြန်ချက်ထုတ်ပြန်ခဲ့ပါတယ်။ ကင်တေဟီးရဲ့ အေဂျင်စီဘက်က အဆိုပါသတင်းက မမှန်ကန်တဲ့သတင်းဖြစ်ကြောင်း ၊ တစ်ခါမှ မရှိဘူးတဲ့ဖြစ်ရပ်ဖြစ်တာကြောင့် ဘာမှဖြေရှင်းပေးစရာမလိုကြောင်း ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ 

Google

ကောလာဟလသတင်းကို ကြားသိသိချင်းမှာ ကင်တေဟီးရဲ့ တုံ့ပြန်ချက်ကို အေဂျင်စီဘက်က ဆက်လက်ပြီးဖော်ပြခဲ့ပါသေးတယ်။ ကင်တေဟီးက ကောလာဟကကို ကြားကြားချင်းမှာ အရမ်းရယ်ဖို့ကောင်းတာကြောင့်အားရပါးရ ရယ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ပရော်ဖက်ရှင်နယ် ဂေါက်ရိုက်ကစားသမားအမျိုးသမီးနဲ့ ကင်တေဟီးနဲ့ဟာဆိုရင်လည်း တစ်ခါမှ မတွေ့ဖူးကြောင်း ဆက်လက်ဖော်ပြထားပါတယ်။ 

Google

ကောလာဟလထွက်ရှိရာမှာ ပါဝင်ခဲ့တဲ့ ဂေါက်ရိုက်ကစားသမား အမျိုးသမီးဟာဆိုရင်လည်း လက်ရှိထွက်ပေါ်နေတဲ့ ကောလာဟလတွေက မှန်ကန်မှု မရှိဘဲ မင်းသား နှစ်ယောက်ရဲ့ ဖုန်းနံပါတ်တောင် သူ့ဆီမှာ မရှိဘူးလို့ ဖြေရှင်းခဲ့ပါတယ်။ 

Google

ပရိသတ်တွေက အဆိုပါ ကောလာဟလတွေနဲ့ ပတ်သက်ပြီး ရိန်းတို့ ဇနီးမောင်နှံကြားမှာ မပြေလည်မှု ဖြစ်မှာကိုစိုးရိမ်ခဲ့ပေမယ့် ကင်တေဟီးရဲ့ သဘောထားပြည့်ဝပြီး ခင်ပွန်းသည်အပေါ် နားလည် လက်ခံပေးမှုကြောင့် ပရိသတ်တွေက စိတ်ချနိုင်ခဲ့ကြပါတယ်။ တောင်ကိုရီးယား အဆိုတော် ၊ သရုပ်ဆောင်ရိန်းနဲ့ မင်းသမီး ကင်တေဟီးတို့က၂၀၁၇ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး သမီးလေး နှစ်ယောက်ကို ဖွားမြင်ထားပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။