ပရော်ဖက်ရှင်နယ် ဂေါက်ရိုက်ကစားသမားဖြစ်တဲ့ Park Kyung မှ အိမ်ထောင်သည်အမျိုးသား၂ ယောက်ဖြစ်တဲ့မင်းသား Rain နဲ့ Jo Jung Suk တို့ နဲ့ ပတ်သက်မိခဲ့တယ်ဆိုတဲ့ ကောလာဟလကို ပြန်လည်ဖြေရှင်း တုံ့ပြန်ခဲ့ပါတယ်။ 

Google 

ပ​ရော်ဖက်ရှင်နယ် ဂေါက်ရိုက်ကစားသမား Park Kyung  ဟာဆိုရင် ကင်တေဟီးနဲ့ တူတယ်လို့ နာမည်ကြီးတဲ့သူဖြစ်ပြီး အခုလို သတင်းထွက်လာတဲ့အပေါ် ပြန်လည်တုံ့ပြန်တဲ့ ဖြေရှင်းချက် ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

Google

“ဒီကောလာဟလတွေကဘယ်လိုမှ အဓိပ္ပါယ်မရှိပါဘူး။ လွန်ခဲ့တဲ့နှစ်က စပွန်ဆာပွဲတစ်ခုမှာ သူတို့ နှစ်ယောက်နဲ့တွေ့ဖူးခဲ့တယ် ဒါပါပဲ။ သူတို့ဖုန်းနံပါတ်တောင် ကျွန်မမသိဘူး။ လူဆိုးတွေ .. ကျွန်မမျက်နှာက မင်းသမီး ကင်တေဟီးနဲ့မတူပေမယ့် အခုလို နှိုင်းယှဉ်ပေးတာ ကျေးဇူးတင်ပါတယ်။ ဒီလိုသတင်းတွေထွက်လာတာ ယုံတောင်မယုံနိုင်ပါဘူးရှင်” 

Google
Google

ကောလာဟလတွေစတင်ထွက်ရှိခဲ့တဲ့နေရာက Women's Sense မဂ္ဂဇင်းကဖြစ်ပြီး ဖေဖော်ဝါရီလလောက်ကတည်းက ကောလာဟလတွေ ပြန့်နှံ့ခဲ့တာဖြစ်ပါတယ်။ အဆိုပါ ကောလဟာလများထဲမှာ ပရော်ဖက်ရှင်နယ်ဂေါက်ရိုက်ကစားသမား Park Kyung နဲ့ အိမ်ထောင်ရှိထိပ်တန်းကြယ်ပွင့်တစ်ဦး ချိန်းတွေ့နေကြကြောင်း ၊ ထိပ်တန်းကြယ်ပွင့်ရဲ့ အမျိုးသမီးဟာ လူအများရဲ့ချစ်ခင်နှစ်သတ်ကြတဲ့ သရုပ်ဆောင်ကြယ်ပွင့်၊ အရည်အချင်းရှိပြီး ဖော်ရွေသော ၊ လှပပြီးဥာဏ်ရည်ထက်မြတ်သော အမျိုးသမီးဖြစ်ကြောင်းထည့်သွင်းဖော်ပြထားပါတယ်။ 

Google
Google

ကောလာဟလတွေနဲ့ ချိတ်ဆက်ပြီး ဖောက်ပြန်နေတဲ့ မင်းသားကို Rain နဲ့ Jo Jung Suk ဖြစ်ကြောင်း ထင်ကြေးပေးခဲ့ကြတာဖြစ်ပါတယ်။ 

Google
Google 

Rain နဲ့ Jo Jung Suk တို့နဲ့ပတ်သက်တဲ့သတင်းတွေ ထွက်ပြီးပြီးချင်းမှာ သက်ဆိုင်ရာအေဂျင်စီတွေဘက်က ပြင်းပြင်းထန်ထန် ငြင်းဆန်မှုတွေ ပြုလုပ်ထားပြီးနောက်မှာ ကာယကံရှင် ပရော်ဖက်ရှင်နယ်ဂေါက်ရိုက်အားကစားသမား Park Kyung ဘက်ကလည်း ဖြေရှင်းချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။