ကမ္ဘောဒီးယားနိုင်ငံ Siemarat ပြည်နယ်၊ နခွန်သိုမ်ရဲ့ မြို့တော် Wat Thepppranom နှစ်ရှည် သစ်ပင်ကြီးတစ်ပင်ရဲ့အောက်ကနေ ရှေးဟောင်းပန်းပုတစ်ခုကို တွေ့ရှိခဲ့ပါတယ်။ အဆိုပါ ရှေးဟောင်း ပန်းပုရုပ်ဟာ ဗေယုန်ပုံစံ သဲကျောက်နဲ့ ပြုလုပ်ထားတဲ့ နဂါးခေါင်းတစ်ခု ဖြစ်ပါတယ်။

Photo Credit - WorldForum

မိုးရွာသွန်းမှုကြောင့် လဲကျခဲ့တဲ့ သစ်ပင်ကြီးဟာ နှစ်ပေါင်းရာနဲ့ချီ သက်တမ်းရှိပြီဖြစ်တာကြောင့် အဆိုပါ နင်္ဂါးခေါင်းပန်းပုဟာ နှစ်ပေါင်း ၈၀၀ နီးပါးရှိနိုင်တယ်လို့ ပညာရှင်တွေက ခန့်မှန်းထားခဲ့ကြပါတယ်။

Photo Credit - WorldForum

နင်္ဂါးခေါင်းကို မြေကြီးထဲမှာ မီတာဝက်လောက် မြုပ်ထားတာ ဖြစ်ပြီး ထုလုပ်ထားတဲ့ အရွယ်အစားဟာ အလျား ၁.၂ မီတာ ၊ အနံ ၁ မီတာ နှင့် ထုထည်မှာ ၀.၃ မီတာ ရှိပါတယ်။

Photo Credit - WorldForum

ဒီလို ပန်းပုရုပ်တုတွေဟာ အရှင်ချိုင်ဗာရာမဏိဗိမာန်ခေတ်က ထုဆစ်ထားတာ ဖြစ်ပြီး ယနေ့ခေတ် မြင်တွေ့ရတဲ့ ပန်းပုလက်ရာတွေနဲ့ ကွဲပြားတယ်လို့ ဆိုပါတယ်။ သမိုင်း ပညာရှင်များကတော့ ရှေးတုန်းက ပန်းပုဆရာတွေဟာ အနုပညာပုံစံတစ်ခုတည်းနဲ့ ဖန်တီးထားတာ (ဒါမှမဟုတ်) ပရမ္မနဲ့ ဗုဒ္ဓဘာသာအကြား ဘာသာရေးပေါင်းစည်းမှု အယူအဆကို ဖော်ပြဖို့ ရည်ရွယ်ပြီး ထုဆစ်ထားတာ ဖြစ်နိုင်တယ်လို့ ယူဆထားခဲ့ကြပါတယ်။

Photo Credit - WorldForum

သတင်းအရင်းမြစ်: Source - WorldForum

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။