ကိုရီးယားကအနုပညာရှင်တွေဟာ အနောက်နိုင်ငံတွေကကျင်းပတဲ့ fashion week တွေကိုတက်ရောက်ပြီး သူတို့ရဲ့အောင်မြင်မှုတွေကို ပြသလေ့ရှိပါတယ်။ ပြီးခဲ့တဲ့လကကျင်းပခဲ့တဲ့ အီတလီ Milan fashion week နဲ့ New York fashion week တို့ကိုတက်ရောက်ခဲ့တဲ့ ကမ္ဘာတစ်ဝှန်းက နာမည်ကြီးတွေထဲ ဩဇာအလွှမ်းမိုးနိုင်ဆုံး လူ 10 ဦးကို EMV ဆိုတဲ့ site တစ်ခုကနေထုတ်ပြန်လာခဲ့ပါတယ်။

Milan အတွက်ရော New York အတွက် စာရင်းနှစ်ခုစလုံးမှာ Lee Min Ho က နံပါတ်တစ်နေရာမှာရှိနေတာကို ထူးထူးခြားခြားတွေ့ရပါတယ်။ အဲ့ဒီစာရင်းထဲမှာတော့ Lee Min Ho အပြင် IU, NCT က Jeno, Twice က Sana နဲ့ Red Velvet က Seulgi တို့ပါဝင်ပါတယ်။

Milan fashion week ရဲ့အလွှမ်းမိုးဆုံးအနုပညာရှင် ၁၀ ဦးကတော့ Lee Min Ho, Kim Kardashian, Chiara Ferragni, IU, Bella Hadid, Jaehyun, Sana, Davika Hoorne, Chaeyoung နဲ့ Song Kang တို့အစဉ်လိုက်တိုင်းဖြစ်ကြပါတယ်။

ပရိသတ်တွေကတော့ Lee Min Ho အောင်မြင်မှူကို ချီးကျူးနေကြပါတယ်။

Photos-credit

Source: KBIZoom

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။