တောင်ကိုရီးယားအဆိုတော် ၊ သရုပ်ဆောင်ရိန်းဟာဆိုရင် ကျိကျိတက်ချမ်းသာလွန်းတဲ့ တောင်ကိုရီးယားမင်းသမီး ကင်တေဟီးကို အရယူနိုင်ခဲ့တဲ့သူဖြစ်ပါတယ်။ ကင်တေဟီးက အလှဘုရင်မတစ်ယောက်ဖြစ်ပြီး မျက်နှာလေးကလည်း ကြွေရုပ်လေးတစ်ရုပ်လိုမျိုးချောမောလှပလွန်းတဲ့သူလေးဖြစ်ပါတယ်။ 

Google

ကင်တေဟီးက ချမ်းသာတဲ့မျိုးရိုးကနေ ဆင်းသတ်လာတဲ့သူဖြစ်ပြီး သူမရဲ့ ဖခင်ကြီးက Hankook Union Transportation Company ရဲ့ ဥက္ကဌကြီး ဖြစ်ပါတယ်။ ဖခင်ကြီး ကုမ္ပဏီက တစ်နှစ်တာ ဝင်ငွေက တောင်ကိုရီးယားဝမ် ၁၅ ဘီလီယံ ကျော်ပါတယ်။ 

Google
Google

ချမ်းသာလွန်းတဲ့ သူဌေးသမီးလေး ကင်တေဟီးက အသိုင်းအဝိုင်း အရမ်းကြီးတဲ့ ချမ်းသာတဲ့ သူဌေးသားတစ်ယောက်ကို အရယူနိုင်ပေမယ့်လည်း ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ခပ်မိုက်မိုက် မင်းသားချောလေး ရိန်းကို လက်ခံပေးခဲ့ပါတယ်။ ဒါက သူတို့နှစ်ယောက်ရဲ့ ဖူးစာလို့ ပြောရမှာပဲ ဖြစ်ပါတယ်။ ဖူးစာမှန်ကန်လို့ ပြောရမလားမသိပေမယ့် ရိန်းနဲ့ကင်တေဟီးတို့က လက်ထပ်ပြီးတဲ့နောက်မှာ ချမ်းသာတဲ့ မိဘတွေရဲ့ အရှိန်အဝါထက်စာရင် သူတို့ကိုယ်ပိုင် အရှိန်အဝါကြောင့် ပိုပြီးတောက်ပခဲ့ကြပါတယ်။

Google
Google

သူတို့နှစ်ဦးက လက်ရှိမှာ တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး စုံတွဲတွေထဲက တစ်တွဲအဖြစ် ရပ်တည်လျက်ရှိပြီး အချင်းချင်းလည်း အရမ်းကို ချစ်ကြတဲ့ စုံတွဲလေးဖြစ်ပါတယ်။

Google
Google

ချမ်းသာလွန်းပြီး ချောမောလှပလွန်းတဲ့ ရွှေပေါ်မြတင် သူဌေးသမီးလေးကို အရယူနိုင်ခဲ့တဲ့ တောင်ကိုရီးယား မင်းသားရိန်း အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။