ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့ကနေ တောင်ကြီးမြို့ကိုလာတဲ့ ခရီးသည်တင်ကားတစ်စီးဟာ ဒီကနေ့အောက်တိုဘာလ ၄ ရက် ၊ နေ့လည်ပိုင်းအချိန်မှာ တိမ်းမှောက်မှု ဖြစ်ပွါးပြီး လူသေဆုံးမှု ရှိခဲ့တယ်လို့ သိရပါတယ်။ 

Photo credit to original uploader

အဆိုပါ ခရီးသည်တင်ရင်ဟာ စပါယ်ရှယ်တောင်လို့ ဒေသခံတွေ ခေါ်တဲ့နေရာမှာ ဘရိတ်ပေါက်မှုဖြစ်ပွါးခဲ့ပြီး ဘေးနားကတောင်စောင်းနဲ့တိုက်မိကာ ကားမှောက်မှု ဖြစ်ခဲ့တာဖြစ်ပါတယ်။ ယာဉ်တိုက်မှုဖြစ်စဉ်မှာ ကားထိပ်ဦးပိုင်းတစ်စစီကြေသွားခဲ့ပြီး ပြင်းထန်လွန်းတာကြောင့် ယာဉ်မောင်း သေဆုံးသွားခဲ့တယ်လို့သိရပါတယ်။ 

Photo credit to original uploader
Photo credit to original uploader

ကနဦးသတင်းများအရ ယာဉ်ပေါ်ပါ စုစုပေါင်း လူ ၄ ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူတစ်ဦး သေဆုံးထားတယ်လို့ သိရပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။