တောင်ကိုရီးယားမင်းသား So Ji Sub ဟာဆိုရင် အသက် ၄၄ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဝါရင့် မင်းသားတစ်ယောက်ဖြစ်ပါတယ်။ So Ji Sub က ကလေးဘဝတည်းက ချောမောခန့်ညားပြီး ငယ်ရုပ်မပျောက်တဲ့သူဖြစ်တဲ့အကြောင်းကို လူမှုကွန်ရက်ပေါ်ကနေ ဓာတ်ပုံလေးတွေနဲ့ ဝေမျှပေးလာခဲ့ပါတယ်။ ဓာတ်ပုံလေးတွေထဲမှာ So Ji Sub ရဲ့ ငယ်ငယ်တုန်းက မျက်နှာကို အထင်အရှားတွေ့ရပါတယ်။ ပိုပြီး ထူးခြားတာက So Ji Sub ရဲ့ ငယ်ဘဝမျက်နှာလေးက လူကြီးတုန်းက ပုံစံနဲ့ ကွာခြားခြင်းမရှိဘဲ တစ်ရုပ်တည်း ဖြစ်နေတာဖြစ်ပါတယ်။ 

Google

နောက်ဆုံးဓာတ်ပုံလေးမှာ So Ji Sub က သူ့ရဲ့ လက်ရှိပုံရိပ်လေးဖြစ်တဲ့ ဆံပင်အရှည်နဲ့ နှုတ်ခမ်းမွှေးနဲ့ ပုံလေးကို တင်ထားပါတယ်။ So Ji Sub က ငယ်ဘဝတုန်းက ဓာတ်ပုံနဲ့ လက်ရှိ ပုံစံကို နှိုင်းယှဉ်ဖော်ပြပေးချင်တဲ့ ပုံစံရှိပါတယ်။

Instagram 


So Ji Sub ရဲ့ post အောက်မှာ Netizen တွေက ငါတို့ရဲ့ ချစ်ဖို့ကောင်းတဲ့ အိုပါး ၊ ငယ်ငယ်တုန်းက အရမ်း ချစ်ဖို့ကောင်းတာပဲ ၊ ကလေးတုန်းကလည်း အရမ်းချောတာပဲနော် ၊ ကလေးတုန်းက ချစ်ဖို့ကောင်းတယ် အခု က မိုက်တယ် ၊ မျက်နှာပုံစံက မပြောင်းသေးဘူး စတဲ့ မှတ်ချက်တွေ ပေးထားကြပါတယ်။ 

Instagram 
Instagram 
Instagram 
Instagram 

တောင်ကိုရီးယားမင်းသား So Ji Sub က  အစီအစဉ် တင်ဆက်သူ Jo Eun Jung နဲ့ ၂၀၂၀ ခုနှစ်မှာ လက်ထပ် ခဲ့ပြီး လက်ရှိမှာ ချစ်ကြည်နူးစရာ အိမ်ထောင်ရေးလေးကို တည်ဆောက်ထားပါတယ်။

Google

So Ji Sub က အချိန်အတော်ကြာ အနုပညာ လှုပ်ရှားမှုတွေကနေ ပျောက်ကွယ်သွားပြီးနောက်မှာတော့ လက်ရှိမှာ ဇာတ်လမ်းတွဲတွေထဲ ပြန်ပြီး ပါဝင်နေပြီပဲ ဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။