တောင်ကိုရီးယားနိုင်ငံမှာ နာမည်ကြီး အနုပညာရှင်ဖြစ်ရတာက အင်မတန်ကို အထီးကျန်ဖို့ကောင်းလွန်းလှပါတယ်။ သူတို့တွေအားလုံးက နာမည်ကြီးပြီး အရာရာပြည့်စုံနေတယ်လို့ ထင်ရပေမယ့် ခက်ခဲနေတဲ့ ခံစားချက်တွေကို ဖုံးကွယ်ရင်းနဲ့ဘယ်သူ့ကိုမှ ဝေမမျှနိုင်ဖြစ်ကြရပါတယ်။ နာမည်ကြီး အနုပညာရှင်တွေထဲမှာ တစ်ယောက်တည်း အထီးကျန်နေရတဲ့သူတွေရှိသလို ညီအစ်ကိုမောင်နှမ အရင်းတွေရှိကြတဲ့သူတွေလည်းရှိပါတယ်။ တောင်ကိုရီးယားနာမကြီးတွေထဲမှာ မောင်နှမအရင်း တော်စပ်နေကြတဲ့ နာမည်ကြီးအချို့ကို ချစ်စဖွယ်လေး ဖော်ပြပေးသွားပါမယ်နော်။ 

Google 

Uhm Tae Woong & Uhm Jung Hwa (မောင်နှမ) 

Google

တောင်ကိုရီးယားနာမည်ကြီး သရုပ်ဆောင် Uhm Tae Woong နဲ့  တို့ဟာဆိုရင် မောင်နှမ အရင်းတွေ ဖြစ်ကြပါတယ်။

Google

Uhm Jung Hwa က Uhm Tae Woong ရဲ့ အစ်မဖြစ်ပေမယ့် နှစ်ယောက်စလုံးက ပုံစံတစ်မျိုးစီနဲ့ကြည့်လို့ကောင်းတာကြောင့် သူတို့နှစ်ယောက်ကို မောင်နှမတွေမှန်း တော်တော်များများက မသိကြပါဘူး။

Google

နှစ်ဦးသားက လက်ရှိအချိန်အထိ တောင်ကိုရီးယားမှာ နာမည်ကြီး အနုပညာရှင်တွေအဖြစ် ရပ်တည်လျက်ရှိကြပါတယ်။ 

Kim Tae Hee & Lee Wan (မောင်နှမ)

Google

တောင်ကိုရီးယားနာမည်ကြီးသရုပ်ဆောင် Kim Tae Hee နဲ့ Lee Wan ဟာဆိုရင်လည်း နာမည်ကြီးတဲ့ အနုပညာရှင်မောင်နှမ အရင်းတွေ ဖြစ်ကြပါတယ်။

Google

သူတို့နှစ်ဦးက တစ်ယောက်အပေါ်ကို တစ်ယောက် မှီခိုရမှာကို မကြိုက်ဘဲ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်းရင်း နာမည်တစ်ခုစီနဲ့ အနုပညာလောကမှာ အောင်မြင်နေတဲ့သူတွေဖြစ်ပါတယ်။ 

Ha Ji Won & Jeon Tae Soo (မောင်နှမ)

Google

တောင်ကိုရီးယားမင်းသမီး Ha Ji Won နဲ့ မောင်ဖြစ်သူ Jeon Tae Soo တို့ဟာဆိုရင်လည်း နာမည်ကြီးတဲ့ မောင်နှမ အရင်းတွေ ဖြစ်ပါတယ်။

Google

သူတို့နှစ်ဦးကို ချစ်ဖို့ကောင်းပြီး အရမ်းရင်းနှီးကြတဲ့ မောင်နှမတွေအဖြစ်နဲ့ ပရိသတ်တွေက သိထားကြတာဖြစ်ပါတယ်။

Google

ဒါပေမယ့်လည်း ကံဆိုးစွာနဲ့ပဲ Ha Ji Won ရဲ့ မောင်လေး Jeon Tae Soo က အစ်မဖြစ်သူထက်အရင် စောစီးစွာ လူ့လောကကြီးထဲကနေ ထွက်ခွာသွားခဲ့ရပါတယ်။ 

Jang Na Ra and Jang Sung Won (မောင်နှမ)

Google

တောင်ကိုရီးယားမင်းသမီး Jang Na Ra နဲ့ သရုပ်ဆောင် Jang Sung Won တို့ဟာဆိုရင်လည်း အရမ်းကို ချစ်ကြတဲ့ မောင်နှမတွေ ဖြစ်ကြပါတယ်။

Jang Na Ra  က အစ်ကိုဖြစ်သူ Jang Sung Won  နဲ့ အပြင်သွားတာကအစ အတူတူရှိနေပြီး အမြဲတမ်း ပူးပူးတွဲတွဲနေလေ့နေထ ရှိပါတယ်။ Jang Sung Won နဲ့ Jang Na Ra တို့ မောင်နှမ နှစ်ယောက်ကလက်ရှိအချိန်အထိ အနုပညာ လှုပ်ရှားမှုတွေ လုပ်ကိုင်နေကြဆဲ မောင်နှမ တွေဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။