တောင်ကိုရီးယားနာမည်ကြီး ဟာသသရုပ်ဆောင် ၊ သတင်းကြေညာသူ Park Soo Hong ဟာဆိုရင် မကြာသေးမီက ဖခင်ဖြစ်သူဆီကနေ အနိုင်ကျင့် နှိပ်စက်ခံခဲ့ရတာကြောင့် အရေးပေါ် ဆေးရုံတင်လိုက်ရတယ်လို့ သိရပါတယ်။

Google

သတင်းကြေညာသူ Park Soo Hong က အောက်တိုဘာလ ၄ ရက်နေ့မှာ အစ်ကိုဖြစ်သူနဲ့အတူ အစိုးရရှေ့နေရုံးမှာ စစ်ဆေးမြေးမြန်းခြင်း ခံခဲ့ရတာဖြစ်ပါတယ်။ Park Soo Hong ရဲ့ အစ်ကို ဖြစ်သူက Park Soo Hong ရှာထားတဲ့ အနုပညာကြေးတွေ အကုန်လုံးကို ခိုးယူခဲ့တဲ့အမှုနဲ့ တိုင်ချက် ဖွင့်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။ အဆိုပါ အစိုးရရှေ့နေရုံးကို Park Soo Hong ရဲ့ အစ်ကိုဖြစ်သူသာမက ဖခင်ဖြစ်သူပါ တက်ရောက်ခဲ့ပါတယ်။ 

Google

Park Soo Hong ဘက်က ပြောရေးဆိုခွင့်ရှိသူရဲ့ အဆိုအရ  ရှေ့နေရုံးမှာ စစ်ဆေးမေးမြန်းနေစဉ်ကာလမှာ Park Soo Hong ရဲ့ ဖခင်ဖြစ်သူက Park Soo Hong  ကို ထပ်ကာထပ်ကာ ရိုက်နှက်တယ်လို့ သိရပါတယ်။ Park Soo Hong ကို အကြမ်းဖက်မှု ပြုတဲ့အချိန်မှာ “ငါမင်းကိုဓားနဲ့ထိုးသတ်လိုက်မယ်” ဆိုတဲ့အထိ ရက်စက်တဲ့ အသုံးအနှုန်းတွေကိုပါ အသုံးပြုတယ်လို့ သိရပါတယ်။

Google

Park Soo Hong အရေးပေါ် အခြေအနေ ဖြစ်ဖြစ်ချင်းမှာ အစိုးရရှေ့နေရုံးကနေ တဆင့် ဆေးရုံကို အချိန်မီပို့ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။ ဒဏ်ရာ အခြေအနေနဲ့ ဘယ်လောက်အထိ ထိခိုက်သွားလဲဆိုတာကိုတော့ အခုအချိန်အထိ မသိရသေးပါဘူး။

Google

လက်ရှိမှာဆိုရင် Park Soo Hong ရဲ့ အစ်ကိုဖြစ်သူကို ညီဖြစ်သူဆီကနေ ဒေါ်လာပေါင်းများစွာ ခိုးယူထားတဲ့အမှုနဲ့ ဖမ်းဆီးထားပါတယ်။

Google

Park Soo Hong ရဲ့ ဖခင်ဖြစ်သူကပါ နစ်နာတဲ့ သားဖြစ်သူဆီကနေ ရပ်တည်မပေးဘဲ အခုလိုမျိုး ရက်စက်တဲ့ အကြမ်းဖက်မှု ပြုလုပ်ခဲ့တဲ့အတွက်လည်း များစွာ အံ့အားသင့်နေကြပါတယ်။

Google
Google

ပရိသတ်တွေကတော့ Park Soo Hong တစ်ယောက် အမှန်တရားကို အမြန်ဆုံးရှာတွေ့ပြီး နေကောင်းကျန်းမာလာစေဖို့ ဆုတောင်းပေးထားကြပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။