တောင်ကိုရီးယားမင်းသမီး ဆောင်းဟေကို ဟာဆိုရင် အသက် ၄၂ နှစ်အရွယ်ဖြစ်ပေမယ့် နုပျိုပြီး လှပနေတုန်းပဲ ဖြစ်ပါတယ်။ သူမရဲ့ အသားအရည်က ဆယ်ကျော်သတ်တစ်ယောက်လိုမျိုး ကြည်လင်နေပြီး ၊ ခန္ဓာကိုယ်မှာလည်း အဆီမရှိပါဘူး။ မျက်နှာလေးကလည်း သဘာဝအလှတရားလေးအတိုင်း စံနှုန်း သတ်မှတ်ချက်နဲ့ ကိုက်ညီလွန်းပါတယ်။ ကုသိုလ်ကံကြောင့်လားမပြောတတ်ပေမယ့် အခုအရွယ်အထိ ပြစ်မျိုးမှဲ့မထင် လှပလွန်းနေတဲ့ ဆောင်းဟေကိုက လက်ရှိမှာ ကြော်ငြာတို့ရဲ့ ဘုရင်မအဖြစ် ရပ်တည်နေလျက်ရှိပါတယ်။ ဆောင်းဟေကိုက သူမရဲ့ တစ်နေ့တာလှုပ်ရှားမှု ပုံရိပ်လေးတွေကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အမြဲလိုလို ဝေမျှပေးလျက်ရှိပါတယ်။ 

Google

အောက်တိုဘာလ ၃ ရက်နေ့တုန်းကလည်း ဆောင်းဟေကိုက ဂါဝန်အဖြူလေးနဲ့ လှပလွန်းနေတဲ့ ပုံရိပ်လေးကို ဝေမျှပေးလာခဲ့ပါတယ်။ 

Google

ဓာတ်ပုံလေးထဲမှာ ဆောင်းဟေကိုက ပွဲတစ်ခုကိုတက်ရောက်နေတာဖြစ်ပါတယ်။ ပွဲတက်ရောက်နေတဲ့ ဗီဒီယိုလေးကို အောက်မှာဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။ 

Credit to original uploader 

ဓာတ်ပုံလေးထဲက အလှတရားက Netizen တွေရဲ့ ရင်ထဲကို စွဲငြိသွားစေခဲ့ပါတယ်။ ဆောင်းဟေကိုက ပခုံးပေါ်တဲ့ ဂါဝန်လေးကို ဝတ်ထားတာဖြစ်တာကြောင့် ပခုံးသားအလှလေးနဲ့ ရတနာလေးနဲ့က လိုက်ဖက်မှုရှိလွန်းနေပြီး ရှိရင်းစွဲတန်ဖိုးကို မြင့်တက်သွားစေခဲ့ပါတယ်။ ကြော်ငြာဘုရင်မလို့ တင်စားခေါ်ဝေါ်ခြင်း ခံရတဲ့ ဆောင်းဟေကိုက သူမကို အလုပ်အပ်တဲ့ အလုပ်ရှင်တွေကို ဘယ်တော့မှ စိတ်မပျက်သွားစေခဲ့ပါဘူး။ 

Google

တောင်ကိုရီးယားမင်းသမီး ဆောင်းဟေကိုဟာဆိုရင် မကြာခင်အချိန်မှာ The Glory စီးရီးနဲ့ အတူ တမူထူးခြားတဲ့ပုံစံနဲ့ ပရိသတ်တွေရှေ့ကိုရောက်ရှိလာတော့မှာဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။