တောင်ကိုရီးယားမင်းသမီး Park Min Young ဟာဆိုရင် ချမ်းသာတဲ့ စီအီးအို Kang Jong Hyun နဲ့ လမ်းခွဲသတင်း ထွက်ပြီးနောက်မှာ INBIOGEN ရဲ့ ဒါရိုက်တာရာထူးကနေ နှုတ်ထွက်ခဲ့ရပါတယ်။ Park Min Young ရဲ့ အစ်မဖြစ်သူက INBIOGEN ရဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်ပြီး Kang Jong Hyun နဲ့ လမ်းခွဲပြီးတဲ့နောက်မှာ ဒါရိုက်တာရာထူးကနေ နှုတ်ထွက်ခဲ့ရတာဖြစ်ပါတယ်။ 

Google

INBIOGEN ရဲ့ ကုမ္ပဏီက စီအီးအို Kang Jong Hyun ရဲ့ ကုမ္ပဏီခွဲတစ်ခုဖြစ်ပါတယ်။ Park Min Young ရဲ့ အစ်မဖြစ်တဲ့ Park Min Ah ဟာဆိုရင် မတ်လ နဲ့ ဇွန်လတွေမှာ board မီတင် ၇ ခုကို တက်ရောက်ခဲ့ပြီး ဒါရိုက်တာအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရတယ်လို့ သိရပါတယ်။

Google
Google

အောက်တိုဘာလ ၁ ရက်နေ့မှာ ထွက်ရှိလာတဲ့ သတင်းအရ Park Min Ah က စက်တင်ဘာလ ၂၉ ရက်နေ့ကတည်းက ဒါရိုက်တာ ရာထူးကနေ နှုတ်ထွက်ခဲ့ရတယ်လို့ သိရပါတယ်။ အဲဒီနေ့မှာပဲ Park Min Young ရဲ့ အေဂျင်စီဘက်က Park Min Young နဲ့ Kang Jong Hyun တို့ဟာ တွဲနေခြင်း မရှိတော့ပါဘူးလို့ သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ 

Google

Park Min Young ရဲ့ အစ်မဖြစ်သူ ဒါရိုက်တာအဖြစ်လုပ်ကိုင်ခဲ့တဲ့ INBIOGEN ကုမ္ပဏီက အများသုံးတယ်လီဖုန်းရုံတွေနဲ့ ရှူးဖိနပ်တွေ ထုတ်လုပ်တဲ့ ကုမ္ပဏီဖြစ်ပါတယ်။

Google

အကြောင်းအရင်း အပြည့်စုံကို မသိရပေမယ့် Park Min Young လမ်းခွဲလိုက်တဲ့သတင်းကြောင့် အစ်မဖြစ်သူ ထိခိုက်သွားရတာဖြစ်တယ်လို့ ဆိုထားကြပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။