ဒါရိုက်တာရင်လို့ လူသိများတဲ့တောင်ကိုရီးယားမင်းသားကြီး Jang Dong-gun ဟာဆိုရင် မကြာသေးမီက ဒုတိယသမီးလေးရဲ့ အကြောင်းကို ပရိသတ်တွေကို ဝေမျှပေးလာခဲ့ပါတယ်။  

Google

ဒီအကြောင်းအရာလေးကို မိခင်ဖြစ်သူ Ko So-young က သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ Yoon-seol က သူ့အစ်ကိုအတွက် မွေးနေ့ကိတ်လေးကိုယ်တိုင်လုပ်ပေးထားတာဆိုတဲ့ စာသားလေးနဲ့တင်ပေးလာတာဖြစ်ပါတယ်။ 

Google

ဓာတ်ပုံလေးတွေထဲမှာ ဒါရိုက်တာရင်ရဲ့ သမီးလေးက Yoon-seol က အေပရွန်လေးကိုဝတ်ထားပြီး ကိတ်မုန့်လေးကို ကိုယ်တိုင်လုပ်နေတာဖြစ်ပါတယ်။ Yoon-seol လေးက မျက်နှာလေးကို ဖုံးထားပေမယ့်လည်း သူမရဲ့ နှာခေါင်းလေးနဲ့ မျက်နှာကျပုံစံလေးက မိခင်ဖြစ်သူနဲ့ အရမ်းတူနေတာကို တွေ့ရပါတယ်။ Yoon-seol က အခုနှစ်မှ ၉ နှစ်ပြည့်မယ့် ကလေးငယ်လေးဖြစ်ပေမယ့် မွေးနေ့ကိတ်တောင် ကိုယ်တိုင် လုပ်နိုင်နေပြီ ဖြစ်တာကြောင့် ပရိသတ်တွေက အရမ်းကို ချစ်မဝဖြစ်နေကြပါတယ် ။ Yoon-seol က ခရင်ကို ကိုယ်တိုင် ရိုက်နေတာဖြစ်ပြီး သူမရဲ့ ပုံဖော်နိုင်တဲ့အရည်အချင်းကလည်း ပရိသတ်တွေကို ကြွေသွားစေနိုင်ခဲ့ပါတယ်။ 

Instagram 
Google

Yoon-seol က ဖေဖော်ဝါရီလတုန်းကလည်း သူမကိုယ်တိုင် ဖန်တီးပြုလုပ်ထားတဲ့ ဖုန်းကာဗာလေးကို မိခင်ကြီးအတွက် မွေးနေ့လက်ဆောင်လေး ပေးခဲ့ပါသေးတယ်။ Yoon-seol က အနုပညာမျိုးရိုးကနေ ဆင်းသတ်လာတဲ့သူဖြစ်တာကြောင့် သူမရဲ့ အနုပညာ အရည်အချင်းကတော့ အရမ်းကို ထူးခြားပါတယ်။ တောင်ကိုရီးယားမင်းသမီးKo So-young ဟာဆိုရင် သရုပ်ဆောင်ကောင်းရုံသာမက အရမ်းတော်တဲ့ စားဖိုမှူးတစ်ယောက်လည်းဖြစ်ပါတယ်။သူမက သမီးဖြစ်သူလေးကို နေ့စဉ်နေ့တိုင်း အိမ်ထောင်မှုတာဝန်လေးတွေ ပို့ချသင်ကြားပေးနေတာဖြစ်ပြီး သမီးလေးကလည်း အရမ်းကို လိမ္မာရေးခြားရှိပါတယ်။ 

Instagram 
Instagram 

ဒါရိုက်တာရင်လို့ လူသိများတဲ့ တောင်ကိုရီးယားမင်းသားကြီး Jang Dong-gun နဲ့ မင်းသမီး Ko So-young တို့က၂၀၁၀ ခုနှစ်မှာ လက်ထပ်ခဲ့တာဖြစ်ပြီး သားလေးတစ်ယောက်နဲ့ သမီးလေးတစ်ယောက်ကို ရရှိပိုင်ဆိုင်ထားပါတယ်။ 

Google

Ko So-young က သမီးလေးရဲ့ အကြောင်းကိုနေ့စဉ်နေ့တိုင်း လူမှုကွန်ရက်ပေါ်မှာ ဝေမျှပေးလေ့ရှိတဲ့သူဖြစ်ပြီး အခုတစ်ခေါက်မှာလည်း အရွယ်နဲ့မလိုက်အောင် ထူးချွန်နေတဲ့သမီးလေးအကြောင်းကို ပရိသတ်တွေကို ကြွားလိုက်တာဖြစ်ပါတယ်။

Google
Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။