တောင်ကိုရီးယားမင်းသမီး ဆောင်းဟေကိုဟာဆိုရင် သဘာဝအလှတရားနဲ့ပြည့်စုံလွန်းတဲ့သူအဖြစ် ပရိသတ်တွေကြားမှာ နာမည်ကြီးတဲ့သူဖြစ်ပါတယ်။ ဆောင်းဟေကိုက အသက် ၄၀ ကျော်ဖြစ်ပေမယ့် အသက်အရွယ်က ကိန်းဂဏန်း တစ်ခုလိုမျိုးလို့ ပြောရလောက်အောင်  နုပျိုလွန်းတဲ့သူဖြစ်ပါတယ်။ သူမက အလှဓာတ်ပုံလေးတွေ ၊ တစ်နေ့တာလှုပ်ရှားမှု ပုံရိပ်လေးတွေကို အမြဲလိုလို ပရိသတ်တွေကြားမှာ ဝေမျှပေးလေ့ရှိတဲ့သူဖြစ်ပါတယ်။ ဆောင်းဟေကိုက အခုဓာတ်ပုံလေးကိုလည်း အောက်တိုဘာလ ၂ ရက်နေ့က “ပျော်စရာကောင်းတဲ့နေ့လည်စာလေး” ဆိုတဲ့ စာသားလေးနဲ့ တင်ပေးလာတာဖြစ်ပါတယ်။

Google

ဓာတ်ပုံလေးထဲမှာ ဆောင်းဟေကိုက ကင်မရာကိုကြည့်ပြီး ပြုံးရွှင်စွာနဲ့ရယ်မောနေတာဖြစ်ပါတယ်။ ဆောင်းဟေကိုတစ်ယောက် ရင်းနှီးတဲ့ သူငယ်ချင်းနဲ့အတူ တစ်နေ့တာကို ပျော်ပျော်ကြီး ဖြတ်သန်းနေတဲ့ဓာတ်ပုံလေးဟာ ချက်ချင်းဆိုသလိုပဲ ပရိသတ်တွေကြားမှာ နာမည်ကြီးပြီး လူပြောများခဲ့ပါတယ်။

Instagram 

ဓာတ်ပုံထဲမှာ ဆောင်းဟေကိုဝတ်ထားတဲ့ အင်္ကျီလေးက ရိုးရိုးတီရှပ် ပေါ့ပေါ့ပါးပါးလေးဖြစ်တဲ့အပြင် အရမ်းကို နုပျိုပြီး ပေါ်လွင်နေတာကြောင့် Netizen တွေရဲ့ မျက်လုံးတွေကို ဖမ်းစားပစ်လိုက်နိုင်ပါတယ်။ 

Google

ဆောင်းဟေကိုက ပွဲတက်ဖက်ရှင်တွေနဲ့ လိုက်ဖက်မှု ရှိလွန်းတဲ့အပြင် အခုလိုမျိုး ပေါ့ပေါ့ပါးပါးတီရှပ်နဲ့ပါကြည့်လို့အရမ်းကောင်းနေတာကြောင့် ပရိသတ်တွေကို ကြွေမိသွားစေတာဖြစ်ပါတယ်။

Google

ဆောင်းဟေကိုက လက်ရှိမှာ Netflix ရဲ့ မူရင်းစီးရီးဖြစ်တဲ့ The Glory မှာ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ The Glory ဇာတ်ကားက ချစ်ခန်းကြိုက်ခန်းမပါတဲ့ ဆောင်းဟေကိုရဲ့ ပထမဦးဆုံး ဇာတ်လမ်းလေးလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။