သားပိုက်ကောင် ကြွက်တွေမှာ အမြီးရှည်ရှည်ရယ် ခြေချောင်းလေးချောင်းရှိပြီး နောက်ခြေတွေကတော့ ကြီးပါတယ်။ သူတို့မှာ မျက်လုံးကြီးကြီး၊ နားရွက်ကြီးတွေနဲ့ ဦးခေါင်းကြီးတွေ ရှိပါ‌သေးတယ်။ သူတို့ဟာ အဖြူရောင်ဝမ်းဗိုက်နှင့် အသားရောင်က သဲညိုရောင်ဖြစ်ကြပါတယ်။ သားပိုက်ကောင် ကြွက်များဟာ သဲကန္တာရ မြက်မျိုးစုံမှ အစေ့များကို စားသုံးကြပြီး တစ်ခါတစ်ရံ သားပိုက်ကောင် ကြွက်များဟာ စိမ်းလန်းတဲ့ အသီးအရွက်များနဲ့ အင်းဆက်အချို့ကို စားတတ်ကြပါတယ်။

သားပိုက်ကောင် ကြွက်ဟာ သဲကန္တာရမှာ နေထိုင်ဖို့ လုံးဝနီးပါး အဆင်ပြေပါတယ်။ သူတို့ဟာ ရေကို ဘယ်တော့အခါမှ မသောက်ဘဲ ရှင်သန်နိုင်ပြီး သူတို့ရဲ့ အစေ့အဆန်များကနေ လိုအပ်တဲ့ အစိုဓာတ်ကို ရယူနိုင်ပါတယ်။ သူတို့ဟာ ကောင်းမွန်တဲ့ အကြားအာရုံရှိတာမို့ ဇီးကွက်တစ်ကောင် ချဉ်းကပ်လာတဲ့ အသံကိုပင် သိရှိနိုင်ပါတယ်။ သူတို့ရဲ့ ကြီးမားတဲ့ ခြေထောက်များဟာ သားရဲကောင်များရန်ကနေ လွတ်မြောက်ဖို့အတွက် တစ်ကြိမ်ကို 9 ပေ (2.75 မီတာ) အထိ ခုန်နိုင်ပါတယ်။

သားပိုက်ကောင် ကြွက်များဟာ သဲကန္တာရ နေရာမျိုးစုံမှာ နေထိုင်ကြပါတယ်။ သားပိုက်ကောင် ကြွက်များကို အမေရိကန်ပြည်ထောင်စု အနောက်ဘက်နှင့် အနောက်တောင်ပိုင်း ခြောက်သွေ့တဲ့ ဒေသများမှာ တွေ့ရှိရပါတယ်။ သားပိုက်ကောင် ကြွက်ဟာ မျိုးသုဉ်းဖို့ အန္တရာယ် မရှိပါဘူး။ တောတွင်းရှိ သူတို့ရဲ့အခြေအနေဟာ ယခုအချိန်မှာ ကောင်းမွန်ပါတယ်။ သားပိုက်ကောင် ကြွက်ရတွေရဲ့ ‌တောရိုင်းသဘာ၀ထဲက သက်တမ်းဟာ ၂-၅ နှစ်သာ ရှည်ပါတယ်။

သတင်းအရင်းမြစ်: Desert museum

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။