တောင်ကိုရီးယားမင်းသမီး ဆွန်ရီဂျင်းဟာဆိုရင် သူမရဲ့ခင်ပွန်းဖြစ်သူ ဟွန်ဘင်းကို ချစ်ကြိုက်တန်ဖိုးထားကြောင်းလေးကို ဖော်ပြပေးလာခဲ့ပါတယ်။ အောက်တိုဘာလ ၂ ရက်နေ့မှာ ဆွန်ရီဂျင်းက ခင်ပွန်းဖြစ်သူပါဝင်သရုပ်ဆောင်ထားတဲ့ Confidential Assignment 2: International ဇာတ်လမ်းကို သွားကြည့်ဖို့အတွက် ရုပ်ရှင်ရုံကိုသွားခဲ့ပါတယ်။ 

Google

ဆွန်ရီဂျင်းက ရုပ်ရှင်ရုံကို အောက်တိုဘာလ ၂ ရက်နေ့ တနင်္ဂနွေနေ့ ၉ နာရီ ၄၀ အချိန်မှာ သွားကြည့်ခဲ့တာဖြစ်ပြီး သူမရဲ့ ပရိသတ်တွေကို ပါ သွားရောက်ကြည့်ဖို့အတွက် ရည်ညွှန်းပေးထားတာဖြစ်ပါတယ်။ ဆွန်ရီဂျင်းရဲ့ ချစ်ဖို့ကောင်းတဲ့ အိမ်ထောင်ရေးဘဝကို Netizen တွေက များစွာ အားကျ မနာလို ဖြစ်ခဲ့ကြပါတယ်။ ကိုယ်ဝန်အရင့်အမာကြီးဖြစ်နေတာတောင် ခင်ပွန်းဖြစ်သူအောင်မြင်ဖို့ ထောက်ပံ့ပေးတတ်တဲ့ ဆွန်ရီဂျင်းရဲ့ စိတ်ဓာတ်လေးကလည်း တော်တော်လေးကို ချစ်ဖို့ကောင်းလွန်းလှပါတယ်နော်။ 

Instagram 

ဟွန်ဘင်းရဲ့ Confidential Assignment 2: International ဇာတ်လမ်းက ရုံတင်ပြီး ၂၆ ရက်နေ့မှာပဲ ကြည့်ရှုသူ ၆ သန်း ကျော်သွားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။

Google
Google

ဆွန်ရီဂျင်းက တောင်ကိုရီးယားမင်းသား ဟွန်ဘင်းနဲ့ ၂၀၂၂ခုနှစ် ၊ မတ်လ ၃၁ ရက်နေ့မှာ လက်ထပ်ထားပြီး ရင်သွေးလေးကို ကိုယ်ဝန်ဆောင်ထားရတာဖြစ်ပါတယ်။

Google

ဆွန်ရီဂျင်းက ဇွန်လမှာ ကိုယ်ဝန် ၃ လရှိနေပြီဖြစ်တယ်လို့ ကြေညာခဲ့တာကြောင့် လက်ရှိမှာ ကိုယ်ဝန်က ၇ လ နီးပါးတောင် ရှိနေပြီပဲ ဖြစ်ပါတယ်။ မကြာခင် ရင်သွေးလေးကို ရရှိပိုင်ဆိုင်တော့မယ့် တောင်ကိုရီးယား နာမည်ကျော် နှစ်ဦးတို့ရဲ့ လက်ရှိအခြေအနေလေးကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။