လီဆောင်းဦးလို့ လူသိများတဲ့ တောင်ကိုရီးယားမင်းသမီး Kim Hyun Joo ဟာဆိုရင် တစ်ချိန်တစ်ခါက နာမည်ကြီးတဲ့ ဇာတ်လမ်းတွဲပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ဖူးတဲ့သူဖြစ်ပါတယ်။ 

Google

သူမမှာ အဖေ ၊ အမေနဲ့ Kim Hyun Soo လို့ခေါ်တဲ့ မောင်လေး အပါအဝင် မိသားစုဝင် ၃ ယောက်ရှိပါတယ်။ Kim Hyun Joo က သိုသိုသိပ်သိပ်နေထိုင်တတ်သူဖြစ်တာကြောင့် သူမရဲ့ မိသားစု အကြောင်းကို ပြောလေ့ပြောထမရှိပါဘူး။ Kim Hyun Joo ရဲ့ ဖခင်ကြီးက ၂၀၁၀ ခုနှစ်မှာ ဆုံးပါးသွားခဲ့ပြီး နောက်မှာ Kim Hyun Joo ဟာ အစ်မကြီးအမိရာတစ်ယောက် ဖြစ်ခဲ့ရပါတယ်။ 

Google

Kim Hyun Joo က ဖခင်ကြီးဆုံးသွားပြီးကတည်းက မိသားစုကို သူမတစ်ယောက်တည်း အင်အားနဲ့ စောင့်ရှောက်နေတဲ့သူဖြစ်ပါတယ်။ Kim Hyun Joo က လက်မှုပညာလုပ်ရတာကြိုက်ပြီးအထူးသဖြင့် လက်နဲ့ ဖန်တီးပြုလုပ်ရတာလေးကို သဘောကျနှစ်သတ်ပါတယ်။ 

Google
Google

Kim Hyun Joo က အထက်တန်းကျောင်းအရွယ်တုန်းကတည်းက အနုပညာလောကထဲကို စတင်ခြေချနေပြီဖြစ်တာကြောင့် သူမရဲ့ အနုပညာ အတွေ့အကြုံကလည်း တော်တော်မြင့်ပါတယ်။ 

Google
Google

Kim Hyun Joo က လက်ရှိအချိန်အထိ ချစ်သူမရှိသေးဘဲ တစ်ကိုယ်တည်းဘဝနဲ့ ဖြတ်သန်းနေတာဖြစ်ပါတယ်။ တောင်ကိုရီးယားမင်းသမီး Kim Hyun Joo  ရဲ့ မိသားစု အခြေအနေလေးအကြောင်းကို ပရိသတ်ကြီးအတွက်ဝေမျှပေးလိုက်ပါတယ်။ 

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။