တောင်ကိုရီးယားမင်းသမီးကြီး Ra Mi-ran ဟာဆိုရင် သရုပ်ဆောင်ကောင်းမွန်တဲ့သူဖြစ်ပြီး ဇာတ်လမ်းတွဲတိုင်းလိုလိုမှာ ပီပီပြင်ပြင် သရုပ်ဆောင်နိုင်တဲ့သူဖြစ်ပါတယ်။ Ra Mi-ran က ဇာတ်ကားတိုင်းလိုလိုမှာ ပါဝင်သရုပ်ဆောင်ဖို့ ကမ်းလှမ်းခြင်း ခံရတဲ့သူဖြစ်လို့ အလုပ်အများဆုံး သရုပ်ဆောင်အဖြစ်တောင် သတ်မှတ်ခြင်း ခံခဲ့ရတဲ့သူဖြစ်ပါတယ်။ 

Google

မင်းသမီးကြီး  Ra Mi-ran ကနာမည်ကြီးတဲ့ ဇာတ်ရံသရုပ်ဆောင်ဖြစ်ပေမယ့်လည်း သူမရဲ့ ခင်ပွန်းကတော့အဆိုတော် Shin Sung-woo ရဲ့ မန်နေဂျာ လုပ်ခဲ့ဖူးတဲ့သူဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူက ထင်ထားသလောက်ငွေမရှာနိုင်တဲ့ ကာယ အလုပ်သမား ဖြစ်ပေမယ့် မင်းသမီးကြီး Ra Mi-ran က သူမရဲ့ခင်ပွန်းဖြစ်သူကို လုံးဝမရှက်တဲ့သူဖြစ်ပါတယ်။ 

Google
Google

Ra Mi-ran ရဲ့ ခင်ပွန်းဖြစ်သူက လစာနည်းပါးတာကြောင့် Ra Mi-ran အနေနဲ့ အလုပ်တော်တော်လေး ကြိုးစားခဲ့ရတယ်လို့ သိရပါတယ်။ 

Google
Google

Ra Mi-ran က ဇာတ်ပို့သရုပ်ဆောင်အဖြစ် မအောင်မြင်တဲ့အချိန်မှာ ခင်ပွန်းဖြစ်သူလစာနဲ့ မလောက်ငလို့ ကြိုးစားရုန်းကန်ရင်း ခက်ခဲလွန်းလှတဲ့အချိန်ကို ဖြတ်သန်းခဲ့ရပါတယ်။

Google

Ra Mi-ran ကိုယ်ဝန်ရှိစဉ်ကာလမှာ အဆင်မပြေတဲ့ကြားထဲက အနုပညာအလုပ်တွေကို ရပ်တန့်ခဲ့ရပါသေးတယ်။ Ra Mi-ran ရဲ့ တစ်ချိန်က ခက်ခဲခဲ့တဲ့ ကြိုးစားမှုတွေက အနာဂတ်မှာ အသီးအပွင့်တွေ ခံစားခဲ့ရသလိုပါပဲ။ Ra Mi-ran က လက်ရှိမှာ ဝင်ငွေရှာနိုင်တဲ့ နာမည်ကြီး ဇာတ်ပို့သရုပ်ဆောင် ဖြစ်လာခဲ့ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။