ဂျူမုံလို့ လူသိများတဲ့ တောင်ကိုရီးယားမင်းသားကြီး Song IL kook  ဟာဆိုရင် ကျန်းမာရေးအခြေအနေကြောင့်အချိန်အတော်ကြာ အနုပညာလှုပ်ရှားမှုတွေကနေ ပျောက်ကွယ်သွားပြီးတဲ့နောက်မှာ 42nd street ပြဇာတ်နဲ့ပရိသတ်တွေ အရှေ့ကို ပြန်ရောက်လာတော့မယ်လို့ သိရပါတယ်။ Song IL kook က မျိုးရိုးလိုက် မျက်စိရောဂါဝေဒနာ ခံစားနေရတာဖြစ်ပြီး အချိန်မီ မကုသပါက မျက်လုံးကန်းတဲ့အထိ ဖြစ်သွားစေနိုင်တယ်လို့ ဆရာဝန်ဆီကနေ မှတ်ချက်ရထားတဲ့သူဖြစ်ပါတယ်။ 

Google
Google

ကျန်းမာရေးအခြေအနေကြောင့် Song IL kook က ၂၀၁၆ ခုနှစ်ကတည်းက အနုပညာလှုပ်ရှားမှုတွေ ၊ ဇာတ်လမ်းရိုက်ကူးမှုတွေထဲမှာ ထည်ထည်ဝင်ဝင် ပါလေ့ပါထ မရှိတော့ဘဲ ပြဇာတ်တွေမှာသာ ပါဝင်ခဲ့တာဖြစ်ပါတယ်။ 

Google
Google

မင်းသားကြီး Song IL kook က ၂ နှစ်ကြာ အနုပညာလှုပ်ရှားမှုတွေအားလုံးကနေ အနားယူထားပြီးနောက်မှာ အခုလိုမျိုး ပြဇာတ်ဇာတ်လမ်းတွဲမှာ ပြန်ပြီး သရုပ်ဆောင်မှာဖြစ်တဲ့အတွက် လည်း ပရိသတ်တွေအားလုံးက စိတ်လှုပ်ရှားနေကြပါတယ်။ 

Google

ကျန်းမာရေးအခြေအနေ ကောင်းမွန်လာတာကြောင့် အနုပညာလှုပ်ရှားမှုလေးတွေ ပြန်လုပ်လာတာလို့လည်း ပရိသတ်တွေက သုံးသပ်ထားကြပါတယ်။ 

Instagram 

မင်းသားကြီး Song IL kook က လက်ရှိမှာ အသက် ၅၁ နှစ် ပြည့်သွားပြီဖြစ်ပြီး ဒီကနေ့ကတော့ Song IL kook ရဲ့မွေးနေ့ပဲဖြစ်ပါတယ်။ ပျော်ရွှင်စရာမွေးနေ့လေးဖြစ်ပါစေနော် အမွှာလေးတို့ ဖေဖေရေ ..

Instagram 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။