တောင်ကိုရီးယားမင်းသား Bae Yong-joon ဟာဆိုရင် Notably ၊ Winter Sonata ၊ April Snow ၊ The Legend စတဲ့ ဇာတ်လမ်းတွဲပေါင်းများစွာနဲ့ အနုပညာလောကမှာ အောင်မြင်မှု များစွာ ရရှိခဲ့ တဲ့သူဖြစ်ပါတယ်။ 

Google
Google

မြန်မာ ပရိသတ်တွေကြားမှာတော့ Bae Yong-joon ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်ထားတဲ့ ဟေမာန်ဆောင်းရဲ့ချစ်သံစဉ် (Winter Sonata) ဇာတ်လမ်းတွဲက အမြဲတမ်းအမှတ်ရနေမယ့် အဖိုးတန် ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။ 

Google

Bae Yong-joon က ၂၀၀၇ ခုနှစ်ကစပြီး အနုပညာလောကကနေ အနားယူခဲ့ကာ စီးပွါးရေးလုပ်ငန်းရှင်အဖြစ် ရပ်တည်ခဲ့တဲ့သူဖြစ်ပါတယ်။ Bae Yong-joon က ရုပ်ရှင်သရုပ်ဆောင်အဖြစ် များစွာအောင်မြင်နေတဲ့သူဖြစ်ပေမယ့် အခုလို ဆုံးဖြတ်ချက်ချလိုက်တာကြောင့် ပရိသတ်တွေက တော်တော်လေး နှမြောခဲ့ကြရပါတယ်။ 

Google
Google

ချောမောခန့်ညားပြီး တည်ကြည်လွန်းတဲ့ မင်းသား Bae Yong-joon က အနုပညာလောကကနေ အနားယူခဲ့ပြီးနောက် ၂၀၁၅ ခုနှစ်မှာ ချစ်ရသူလေးနဲ့ လက်ထပ်ခဲ့ပါတယ်။ လက်ရှိမှာ မင်းသားကြီးက KeyEast အေဂျင်စီကုမ္ပဏီရဲ့ ဥက္ကဌ ရာထူးကို ရယူထားပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။