တောင်ကိုရီးယားအဆိုတော်အဖွဲ့ဖြစ်တဲ့ BLACKPINK အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Rosé ဟာဆိုရင် ဓာတ်ပုံရိုက်ရင် အခြားအဖွဲ့ဝင်တွေနဲ့ တည့်တည့်မရပ်ဘဲ တင်ပါးကိုဘေးကပ်ပြီး ခပ်စောင်းစောင်းလေး ရိုက်လေ့ရိုက်ထရှိပါတယ်။ 

Google 

ဓာတ်ပုံရိုက်တိုင်းမှာ ပုံစံတစ်မျိုးတည်ဖြစ်နေတာကြောင့် Rosé ရဲ့ လျို့ဝှက်ချက်ကို ရှာလိုက်တဲ့အချိန်မှာ အခုလိုတွေ့ရပါတယ်။  အကြောင်းအရင်းက အဖွဲ့ထဲမှာ အရပ်အရှည်ဆုံးဖြစ်ပြီး အရပ်အပုဆုံး အဖွဲ့ဝင် Jisoo ထက် ၆ စင်တီမီတာပိုပြီး ရှည်ပါတယ်။ အရပ်ချင်း ယှဉ်လိုက်ရင် အဖွဲ့ဝင်တွေရဲ့ အရပ်က ကွာတာကြောင့် တစ်သားမတ်တည်းအရပ်တူ မြင်ရဖို့အတွက် အခုလိုမျိုး ပုံစံ ဓာတ်ပုံရိုက်ရတာဖြစ်တယ်လို့ သိရပါတယ်။ 

Google 
Google 
Google 
Google 
Google 

Rosé က ခန္ဓာကိုယ် အချိုးအစားနဲ့ပတ်သက်ပြီး ပေါ်လွင်အောင် ဓာတ်ပုံရိုက်တဲ့နေရာမှာ အရမ်းကိုတော်တဲ့သူဖြစ်ပြီး ဒေါက်မြင့်တွေ စီးရတာကိုလည်း သဘောကျတဲ့သူဖြစ်ပါတယ်။ 

Google 
Google 

ဒါပေမယ့် သူမကြိုက်တဲ ဓာတ်ပုံရိုက်နည်း ပုံစံမျိုးတွေကို BLACKPINK အဖွဲ့ဝင်တွေနဲ့ ယှဉ်ရတဲ့အခါမှာ လုံးဝကို မလုပ်ခဲ့ပါဘူး။ Rosé ရဲ့ အဖွဲ့ဝင်တွေအပေါ်ထားတဲ့ ချစ်စရာစိတ်ဓာတ်လေးအကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။