အသက် ၄၇ နှစ်အရွယ်ရှိတဲ့ အမျိုးသမီးတစ်ယောက်ဟာ တောင်ကိုရီးယားနာမည်ကြီးစုံတွဲဖြစ်တဲ့ Rain နဲ့ Kim Tae-hee တို့ စုံတွဲနေထိုင်တဲ့ အိမ်တံခါးကို အကြိမ်ပေါင်းများစွာ ဘဲလ်တီးခဲ့တယ်လို့ သိရပါတယ်။ 

Google 

စက်တင်ဘာလ၃၀ ရက်နေ့မှာ Seoul Yongsan ရဲစခန်းရဲ့ ကြေညာချက်အရ အဆိုပါ အမျိုးသမီးကို Seoul Western District ရှေ့နေရုံးထံကို လွှဲပြောင်းခဲ့ပြီး Stalking Punishment Act ကို ချိုးဖောက်တဲ့အမှုနဲ့ စွဲချက်တင်ထားတယ်လို့ သိရပါတယ်။ 

Google
Google

အဆိုပါ အမျိုးသမီးက ပြီးခဲ့တဲ့ မတ်လတုန်းက Yongsan-gu မှာရှိတဲ့ Rain နဲ့ Kim Tae-hee တို့ရဲ့ အိမ်ကိုသွားရောက်ခဲ့ပြီး အကြိမ်ပေါင်းများစွာ တံခါးခေါက်ခဲ့ပါတယ်။ အဆိုပါ အမှုနဲ့ ပတ်သက်ပြီး Rain နဲ့ Kim Tae-hee တို့စုံတွဲက အဆိုပါ အမျိုးသမီးကို အမှု ပေါင်း ၁၁၂ ခုနဲ့ ၁၇ ကြိမ် တိုင်တန်းခဲ့ပြီးနောက်မှာ ရဲတပ်ဖွဲ့က စစ်ဆေးဖို့ခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ တုန်းက အဆိုပါ အမျိုးသမီးက အသေးစားပြစ်မှုတွေ ကျူးလွန်ခဲ့တာကြောင့်လို့ ဆိုတာ တောင်ကိုရီးယားဝမ် ၁ သိန်းအထိ ဒဏ်ရိုက်ခြင်း ခံခဲ့ရပါတယ်။ 

Google
Google
Google

အဆိုပါ အမျိုးသမီးက အခုတစ်ခေါက်မှာလည်း Rain နဲ့ Kim Tae-hee တို့အိမ်ကို ထပ်မံနှောက်ယှက်ခဲ့တာကြောင့်အဖမ်းခံခဲ့ရခဲ့ပါတယ်။ 

Google

Rain နဲ့ Kim Tae-hee တို့စုံတွဲက ၂၀၁၇ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး လက်ရှိမှာဆိုရင် သမီးလေးနှစ်ယောက်ကို ရရှိပိုင်ဆိုင်ထားပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။