တောင်ကိုရီးယားမင်းသားကြီး So Ji-seop ဟာဆိုရင် ၂၀၂၀ ခုနှစ်တုန်းက သတင်းကြေညာသူ Cho Eun-jung နဲ့ လက်ထပ်ခဲ့ပြီးနောက်မှာ အချိန်တော်တော် ကြာ အတော်လေး ငြိမ်နေခဲ့ပါတယ်။ 

Google 
Google

So Ji-seop က မကြာသေးမီက Doctor Lawyer ဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို သိမ်းကြုံးပြီး ရရှိခဲ့ပါသေးတယ်။ So Ji-seop က လက်ထပ်ပြီးနောက်မှာ ပိုပြီးဝလာပြီး မျက်နှာလည်း ကျသွားတယ်လို့ အပြောခံနေရပါတယ်။ 

Google
Google

So Ji-seop က ပြည့်စုံလွန်းတဲ့ မင်းသားဖြစ်ခဲ့တာကြောင့် တစ်ချိန်က ပုံရိပ်ပျောက်ဆုံးသွားမှာကို စိုးရိမ်တယ်လို့ ဆိုပါတယ်။ So Ji-seop က အကောင်းဆုံးမဖြစ်နိုင်ရင်တောင် သူ့ရဲ့ စစ်မှန်တဲ့ပုံစံ မပျောက်ဆုံးသွားအောင် အကောင်းဆုံး ကြိုးစားသွားမယ်လို့ သိရပါတယ်။ 

Google
Google

တောင်ကိုရီးယားမင်းသား So Ji-seop က အစီအစဉ်တင်ဆက်သူ Cho Eun-jung နဲ့ ၂၀၂၀ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး လက်ရှိမှာ ရိုက်ကူးရေးတွေ အဆက်မပျက်လုပ်ဆောင်နေပါတယ်။ So Ji-seop ရဲ့ ရုပ်ရှင် Confession ဟာဆိုရင်လည်း အောက်တိုဘာလ ၂၆ ရက်နေ့မှာ ထွက်ရှိလာမှာဖြစ်တယ်လို့ သိရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။