တောင်ကိုရီးယားမင်းသား Kim Soo Hyun ဟာဆိုရင် မကြာသေးမီက ထိုင်းနိုင်ငံမှာ ပရိသတ်တွေ့ဆုံပွဲတစ်ခု ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါ ပရိသတ်တွေ့ဆုံပွဲကို တက်ရောက်ဖို့အတွက် ထိုင်းလူမျိုး ပရိသတ် တစ်ယောက်က အမေရိကန်ဒေါ်လာ ၁၂၆၀၀၀ ၊ တောင်ကိုရီးယားဝမ်သန်း ၁၈၀ နဲ့ မြန်မာငွေ သိန်း ၂၀၀၀ ကျော် ထိ အကုန်အကျခံခဲ့တယ်လို့ သိရပါတယ်။ 

Google

Kim Soo Hyun ကျင်းပပြုလုပ်ခဲ့တဲ့ ပရိသတ်တွေ့စုံပွဲနာမည်က 'Meet & Greet' ဖြစ်ပြီး ဘန်ကောက်မှာရှိတဲ့ Muongtong Thani Thunder Dome မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ပရိသတ်တွေ့ဆုံပွဲရဲ့ ဝင်ကြေးက ထိုင်းဘတ်ငွေ ၅၀၀၀ ကျော်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၃၉ ကျပ်ဖြစ်ပါတယ်။အခြေခံ သတ်မှတ်ထားတဲ့ ဝင်ကြေးက ဘတ်ငွေ ၅၀၀၀ ကျပ်ပဲဆိုပေမယ့် ပိုပေးနိုင်တဲ့ ငွေကြေး အခြေအနေပေါ် မူတည်ပြီး  လူအယောက် ၃၈၀၀ သာ ပရိသတ်တွေ့ဆုံပွဲကို တက်ရောက်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ 

Google
Google

သူတို့တွေထဲမှာ ထိပ်ဆုံးအမြင့်ဆုံးပေးနိုင်တဲ့ အယောက် ၁၀၀ က ထိုင်ခုံရှေ့ဆုံးမှာထိုင်နိုင်ပြီး Kim Soo Hyun နဲ့အတူ ဓာတ်ပုံတွဲရိုက်ခြင်း အပါအဝင် အထူးအခွင့်အရေးတွေကို ရရှိနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ Kim Soo Hyun ရဲ့ ပရိသတ်တွေ့ဆုံပွဲမှာ တန်ဖိုးအမြင့်ဆုံးသူက ဘတ် ၄.၇ သန်း ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၂၅၉၀၅ အထိ သုံးစွဲခဲ့တယ်လို့ သိရပါတယ်။ ဒုတိယ အများဆုံး ပေးနိုင်တဲ့သူက ဘတ် ၄ သန်းဖြစ်တယ်လို့ သိရပြီး အမေရိကန်ဒေါ်လာအားဖြင့် ၁၀၅၆၂၄ သုံးစွဲခဲ့တယ်လို့ သိရပါတယ်။ 

Google

အဆိုပါအကြောင်းအရာက ချက်ချင်းဆိုသလို Netizen တွေကြားမှာ လူပြောများနေခဲ့ပြီး Kim Soo Hyun နဲ့ ဓာတ်ပုံတစ်ပုံတွဲရိုက်နိုင်ဖို့ ငွေကြေးများစွား သုံးခဲ့တဲ့ ထိုင်းပရိသတ်ကို အံ့သြနေကြပါတယ်။

Google

တချို့ပရိသတ်တွေကလည်း အကယ်၍ ပိုက်ဆံသာရှိမယ်ဆိုရင် ငွေကြေးတွေကို အခုလိုနေရာမှာ အသုံးမပြုဘဲ ရွှေတွေဝယ်လိုက်မယ်လို့ မှတ်ချက်တွေ ပေးထားကြပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။