The Moon Embracing the Sun ရဲ့သရုပ်ဆောင်ဖြစ်တဲ့ Jung Il Woo ဟာဆိုရင် တစ်ချိန်တစ်ခါက ယာဉ်တိုက်မှုတစ်ခုကြောင့် ဦးနှောက်မှတ်ဉာဏ်တွေ ဆုံးရှုံးခဲ့ရပါတယ်။ Jung Il Woo ဟာ ၂၀၀၆ ခုနှစ်မှာ သူငယ်ချင်းတွေနဲ့အတူတူ ခရီးထွက်ရင်း ကြောက်ဖို့ကောင်းတဲ့ ယာဉ်မတော်တဆမှုကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။ 

Google

Jung Il Woo က အဆိုပါ ယာဉ်မတော်တဆမှုကြီး ဖြစ်ပြီးတဲ့နောက်မှာ မှတ်ဉာဏ်ပျောက်ဆုံးတဲ့ ဝေဒနာကိုခံစားခဲ့ရပြီး မှတ်ဉာဏ်တွေကို ဖုန်းထဲမှာ ထည့်သိမ်းတဲ့အကျင့် ဖြစ်လာခဲ့တယ်လို့ အင်တာဗျူးတစ်ခုမှာ ဖြေဆိုခဲ့ပါတယ်။ မှတ်ဉာဏ်တွေကို ဓာတ်ပုံတွေကြည့်ပြီး ပြန်စဉ်းစားရတာကြောင့် Jung Il Woo ရဲ့ ဖုန်းထဲမှာ သိမ်းဆည်းထားတဲ့ ဓာတ်ပုံတွေ စုစုပေါင်း ပုံ၇သောင်း လောက်အထိ ရှိတယ်လို့ သိရပါတယ်။

Google

Jung Il Woo က အနုပညာလမ်းကြောင်းပေါ်ကို ရောက်ရှိနေခဲ့တာ ၁၆ နှစ်ပြည့်သွားပေမယ့် တစ်ချိန်တစ်ခါမှရည်းစားမထားဖူးတဲ့သူဖြစ်ပါတယ်။ Jung Il Woo က တကယ်လို့ သူချစ်ရတဲ့သူကိုတွေ့ခဲ့ရင် ချက်ချင်းလက်ထပ်ယူမှာဖြစ်တယ်လို့လည်း ဆိုခဲ့ပါတယ်။ 

Google
Google

တောင်ကိုရီးယားမင်းသား Jung Il Woo က ၂၀၀၆ ခုနှစ်မှာ The World of Silence သရဲဇာတ်ကားနဲ့ပရိသတ်တွေရှေ့ကိုရောက်လာတာဖြစ်ပြီး  High Kick ဇာတ်လမ်းအပြီးမှာ ပရိသတ်တွေရဲ့အချစ်ကို များစွာရရှိခဲ့ပါတယ်။ 

Google
Google

Jung Il Woo က လက်ရှိမှာ အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်ပြီး ချစ်သူရည်းစားမရှိသေးဘူးလို့ သိရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။