တောင်ကိုရီးယား မင်းသမီး ပတ်ရှင်ဟေးဟာဆိုရင် သားဦးလေးကို မွေးဖွားပြီးတဲ့နောက်မှာ ပထမဦးဆုံးအကြိမ်အနေနဲ့ ပရိသတ်တွေရှေ့မှောက်ကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ ပတ်ရှင်ဟေးက ခင်ပွန်းဖြစ်သူ တောင်ကိုရီးယားမင်းသား ချွဲတေဂျွန်းနဲ့လက်ထပ်ခဲ့ပြီး နောက်မှာ သားဦးလေးကို မေလ ၃၁ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။

Google

ပတ်ရှင်ဟေးနဲ့မင်းသားချွဲတေဂျွန်းတို့က ငယ်ချစ်တွေ ဖြစ်တာကြောင့် ခိုင်မြဲတဲ့ တွဲလက်တွေ ရှိကြပြီး လူတိုင်းအားကျရတဲ့ စုံတွဲလေးဖြစ်ပါတယ်။ သူတို့ နှစ်ဦးက ဟိတ်ကြီးဟန်ကြီးမနေတတ်ဘဲ အပြင်လောကမှာ သာမန်လူတွေလိုမျိုး လှုပ်ရှားသွားလာရတာကို ကြိုက်နှစ်သတ်တဲ့ စုံတွဲလေး ဖြစ်ပါတယ်။ 

Instagram 

ပတ်ရှင်ဟေးနဲ့ ချွဲတေဂျွန်းတို့ကမကြာသေးမီက Laciel ရဲ့ ၂၀ နှစ်ပြည့် နှစ်ပတ်လည်ပွဲကို တက်ရောက်ခဲ့ကြပါတယ်။

Instagram 
Instagram 

 သူတို့နှစ်ဦး ပွဲတက်ရောက်ခဲ့ကြတာကို ပရိသတ်တစ်ဦးကမြင်တွေ့ခဲ့ပြီး အတူတွဲ ဓာတ်ပုံရိုက်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ ပရိသတ်က ပတ်ရှင်ဟေးရဲ့ ပရိသတ်ဖြစ်ပြီး ပတ်ရှင်ဟေးတို့စုံတွဲကိုတွေ့တဲ့အချိန်မှာ တွဲပြီး ဓာတ်ပုံရိုက်ခဲ့တာဖြစ်ပါတယ်။ 

Instagram 
Instagram 

အခုမြင်ကွင်းလေးက ပတ်ရှင်ဟေး ကလေး မွေးဖွားပြီးနောက်မှာ ပထမဦးဆုံးအကြိမ်အတူတွဲတွေ့ရတဲ့ ဓာတ်ပုံလေးဖြစ်တာကြောင့် ပရိသတ်တွေကြားမှာ များစွာ စိတ်ဝင်စားမှု မြင့်တက်နေကြပါတယ်။

Instagram 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။