စက်တင်ဘာလ ၂၈ ရက်နေ့မှာ တောင်ကိုရီးယားမင်းသမီး Park Min Young တစ်ယောက် နာမည်ကြီးစီအီးအိုနဲ့ တွဲနေတယ်ဆိုတဲ့ ဓာတ်ပုံတွေ ပြန့်နှံ့လာခဲ့ပါတယ်။ အဆိုပါ သတင်းကို Dispatch က ထုတ်ဖော်ခဲ့တာဖြစ်ပြီး ချက်ချင်းဆိုသလိုပဲ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ လူပြောများတဲ့ သတင်းကြီးဖြစ်ခဲ့ပါတယ်။ 

Google

သတင်းထွက်ထွက်ချင်းမှာ အေဂျင်စီဘက်က သီးခြား ငြင်းဆိုထားခြင်း မရှိပေမယ့် ဒီကနေ့မှာတော့ တရားဝင် လမ်းခွဲလိုက်ပြီဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်လာပါတယ်။ 

Google

အေဂျင်စီဘက်က မင်းသမီးတွဲနေတယ်ဆိုတဲ့သတင်းနဲ့ ပတ်သက်ပြီး ဖြေရှင်းချက်ကို ချက်ချင်း မလုပ်ဆောင်ခဲ့ရတဲ့ အကြောင်းအရင်းက သတင်းမှန်ကို အတည်ပြုဖို့အတွက် ဖြစ်တယ်လို့ သိရပါတယ်။

Google

အေဂျင်စီဘက်က ထုတ်ပြန်ချက်ထဲမှာ Park Min Young က အဆိုပါ သတင်းထွက်နေသူနဲ့ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း ၊ Park Min Young က ချမ်းသာတဲ့သူဆီကနေ အထောက်အပံ့တွေရနေတယ်ဆိုတဲ့သတင်းဟာ မမှန်ကန်ကြောင်း ၊ Park Min Young ရဲ့ အစ်မဖြစ်သူဟာလည်း အဆိုပါ သူဌေးဆီကနေ အလုပ်ထွက်သွားခဲ့ပြီဖြစ်ကြောင်း ၊ Park Min Young က လက်ရှိမှာ ရိုက်ကူးရေးအတွက်ပဲ အာရုံစိုက်နေပြီး တွဲနေတဲ့သူမရှိကြောင်း ထုတ်ပြန်ထားပါတယ်။ 

Google

Park Min Young လမ်းခွဲလိုက်ပြီဆိုတဲ့သတင်းကို အေဂျင်စီဘက်ကနေ တရားဝင် ကြေညာပြီးတဲ့နောက်မှာ ပရိသတ်တွေအများစုက ဝမ်းသာကျေနပ်နေခဲ့ကြပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။