တောင်ကိုရီးယားမင်းသား Go Soo ဟာဆိုရင် My Fair Lady ၊ Will it snow for Christmas? ၊ Green Rose စတဲ့နာမည်ကြီးအောင်မြင်ခဲ့တဲ့ ဇာတ်လမ်းတွေ များစွာနဲ့ ပရိသတ်တွေရဲ့ နှလုံးသားကို ရယူနိုင်ခဲ့တဲ့သူဖြစ်ပါတယ်။ Go Soo က သရုပ်ဆောင် ကောင်းလွန်းရုံသာမက တည်ကြည်ခန့်ညားလွန်းတဲ့ ရုပ်ရည်သွင်ပြင်ကြောင့်လည်း လူကြိုက်များတဲ့ မင်းသားတစ်လတ်ဖြစ်ပါတယ်။ 

Google

Go Soo က ကျောင်းတုန်းက ချစ်ကြိုက်ခဲ့တဲ့ ချစ်သူကောင်မလေးနဲ့ ၂၀၁၂ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး ပျော်ရွှင်စရာအိမ်ထောင်ရေးလေးကို တည်ဆောက်ထားပါတယ်။ သူတို့ရဲ့ပထမဆုံးသားဦးလေးကို ၂၀၁၃ ခုနှစ်မှာ ရရှိပိုင်ဆိုင်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ သမီးဦးလေးကို ထပ်မံပိုင်ဆိုင်ခဲ့ပါတယ်။ 

Instagram 

Go Soo က ပုဂ္ဂိုလ်ရေးနဲ့ပတ်သက်ပြီး နာမည်ပျက်မရှိတဲ့အပြင် အနေအထိုင်အေးတဲ့သူအဖြစ်လည်း နာမည်ကြီးပါတယ်။ တစ်ချိန်က နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲမင်းသားဖြစ်တဲ့ Go Soo ရဲ့ လက်ရှိအသက်ကတော့ ၄၃ နှစ်အရွယ်ရှိသွားပြီပဲ ဖြစ်ပါတယ်။ 

Instagram 
Instagram 

Go Soo က ကလေး ၂ ယောက် အဖေဖြစ်ပြီး အသက် ၄၀ ကျော်သွားပေမယ့်လည်း ငယ်ရွယ် ချောမောပြီး ခန့်ညားနေဆဲပဲဖြစ်ပါတယ်။

Instagram 
Instagram 

 Go Soo ရဲ့ လက်ရှိပုံစံက ဆံပင် အရှည်လေးနဲ့ဖြစ်ပြီးခန္ဓာကိုယ် အချိုးအစားကလည်း အသက် ၂၀ ကျော် အရွယ်တုန်းကလို အပြောင်းအလဲ မရှိသေးပါဘူး။ 

Instagram 
Instagram 
Instagram 

တစ်ချိန်တစ်ခါက နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲမင်းသားဖြစ်တဲ့ Go Soo ရဲ့ လက်ရှိအခြေအနေလေးကို ပရိသတ်ကြီးအတွက်ဝေမျှပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။