တောင်ကိုရီးယားမင်းသမီး Kim Ji-Ho ဟာဆိုရင် တစ်ချိန်တစ်ခါက ဇာတ်လမ်းတွဲပေါင်းများစွာမှာ နာမည်ကြီး တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ Kim Ji-Ho က ဖန်ရွှေနင်းနဲ့ယမင်းရွှေစင်ဇာတ်လမ်းတွဲမှာ ကတည်းက လူသိများလာခဲ့တဲ့သူဖြစ်ပြီး သရုပ်ဆောင် ကောင်းလွန်းတာကြောင့် ပရိသတ်တွေ များစွာက ချီးကျူးခဲ့ရတဲ့သူဖြစ်ပါတယ်။ 

Google
Google

Kim Ji-Ho က ၂၀၀၁ ခုနှစ်ဒီဇင်ဘာလမှာ Millennium Seoul Hilton ဟိုတယ် မှာခင်ပွန်းဖြစ်သူနဲ့ လက်ထပ်ခဲ့ပါတယ်။ သူတို့နှစ်ဦးက "More Than Love" ဇာတ်လမ်းတွဲမှာအတူတူပါဝင်သရုပ်ဆောင်ရင်းနဲ့ပဲ ချစ်ကျွမ်းဝင်ခဲ့ကြတာဖြစ်ပါတယ်။ Kim Ji-Ho နဲ့ Kim Ho-Jin တို့နှစ်ဦးက ၂၀၀၄ ခုနှစ် ၊ ဧပြီလမှာ သမီးလေးတစ်ယောက်ကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ 

Google
Google

မင်းသမီး Kim Ji-Ho က နာမည်ကြီးပြီး သရုပ်ဆောင်ကောင်းတဲ့သူဖြစ်ပေမယ့် ၂၀၁၆ ခုနှစ်ကနေစတင်ပြီး ဒရမ်မာ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ခြင်း မရှိတော့ပါဘူး။ Kim Ji-Ho တစ်ယောက် ဒရမ်မာလောကကနေအနားယူသွားခဲ့တာ ၆ နှစ်နီးပါးတောင် ကြာသွားခဲ့ပြီဖြစ်တာကြောင့် ပရိသတ်တွေကလည်း သူမကို ဒရမ်မာထဲမှာပြန်လည် မြင်တွေ့ရဖို့အတွက် များစွာ မျှော်လင့်နေကြတာဖြစ်ပါတယ်။ 

Google

မင်းသမီး Kim Ji-Ho ရဲ့ အသက်ကလက်ရှိမှာ ၄၈ နှစ်အရွယ်ရှိသွားပြီပဲ ဖြစ်ပါတယ်။ တစ်ချိန်တစ်ခါက ပရိသတ်တွေကြားမှာ လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တဲ့ တောင်ကိုရီးယား မင်းသမီး Kim Ji-Ho ရဲ့ လက်ရှိ အခြေအနေလေးအကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။