ဂျပန်သတင်းဌာနတွေရဲ့ အဆိုအရ စက်တင်ဘာလ ၂၇ ရက်နေ့မှာ ဂျပန်လူမျိုးသရုပ်ဆောင် Kajita Touma တစ်ယောက် ကွယ်လွန်ဆုံးပါးသွားပြီလို့ သိရပါတယ်။ Kajita Touma ကွယ်လွန်သွားပြီဖြစ်တဲ့အကြောင်းကို Kajita Touma ရဲ့ တရားဝင် SNS စာမျက်နှာကနေ တစ်ဆင့် ဖော်ပြခဲ့တာဖြစ်ပါတယ်။ 

Google

Kajita Touma က စက်တင်ဘာလ ၁၆ ရက်နေ့မှာ ရုတ်တရက်ကွယ်လွန်ဆုံးပါးသွားပြီဆိုတဲ့အကြောင်းကို Kajita Touma ရဲ့ မိသားစုဝင်တွေက အတည်ပြုပေးခဲ့တာဖြစ်ပါတယ်။ Kajita Touma ရဲ့ ဈာပနကို ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေသူငယ်ချင်း မိသားစုဝင်တွေနဲ့သာ အကျဉ်းချုံးကျင်းပခဲ့တယ်လို့ သိရပြီး သေဆုံးရတဲ့ အကြောင်းအရင်း အပြည့်အစုံကို ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။ 

Google

Kajita Touma က ၂၀၁၈ ခုနှစ်တုန်းက Love Weekend Homestay လို့ခေါ်တဲ့ dating reality show season 3 မှာ ပါဝင်ခဲ့ပြီး ပရိသတ်တွေဆီက ချစ်ခြင်းမေတ္တာတွေ များစွာ ရရှိခဲ့ပါတယ်။

Google
Google
Google

Kajita Touma က စက်တင်ဘာလ ၁၃ ရက်နေ့တုန်းကတောင် ပျော်ရွှင်နေတဲ့ ပုံရိပ်တွေကို အင်စတာဂရမ်စာမျက်နှာပေါ်မှာတင်ခဲ့ပါသေးတယ်။

Instagram 

ဘယ်လို အကြောင်းကြောင့် ရုတ်တရက်ကြီး အခုလို ဆုံးသွားရလဲဆိုတာ မသိပေမယ့် ပရိသတ်တွေကတော့ တော်တော်လေး စိတ်မကောင်းဖြစ်နေကြပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။