မင်းသမီးချောရတနာက အနုပညာလောကမှာ ဆယ်စုနှစ်လောက်ကတည်းက လျှောက်လှမ်းလာခဲ့ပြီး ပရိသတ်တွေရဲ့ ချစ်ခြင်း‌ မေတ္တာတွေကို အပြည့်အဝရရှိထားခဲ့သူပဲ ဖြစ်ပါတယ်။ အနုပညာလုပ်ကိုင်လာတဲ့ သက်တမ်းတလျှောက်မှာလည်း အကောင်းဆုံး ကြိုးစားလုပ်ဆောင်မှုတွေကြောင့် အကယ်ဒမီဆုကိုလည်း ထိုက်ထိုက်တန်တန် ရရှိခဲ့ပါတယ်။

Photo Credit - Chaw Yadanar
Photo Credit - Chaw Yadanar

ချောရတနာက အသက်တစ်နှစ်ထက်တစ်နှစ် ကြီးလာခဲ့ပေမယ့်လည်း ဆယ်ကျော်ဆက်လေးလို့ ယနေ့အချိန်ထိ အရွယ်တင်နုပျိုနေသူပဲ ဖြစ်ပါတယ်။ ဒီကနေ့ စက်တင်ဘာလ ၂၉ ရက်မှာတော့ ပရိသတ်တွေရဲ့ အချစ်တော် ချောရတနာရဲ့ အသက် ၃၉ နှစ်ပြည့် ပျော်ရွှင်စရာ မွေးနေ့ရက်မြတ်လေးကို ကျရောက်ခဲ့ပြီဖြစ်ပါတယ်။

Photo Credit - Chaw Yadanar
Photo Credit - Chaw Yadanar

ချစ်ရတဲ့ ပရိသတ်တွေနဲ့ အနုပညာရှင်မောင်နှမတွေကလည်း ချောရတနာရဲ့ မွေးနေ့လေးမှာ ချစ်စရာကောင်းလောက်အောင် ဆုမွန်ကောင်းတောင်းပေးခဲ့ကြတာ တွေ့ရပါတယ်။ Myanmarload ပရိသတ်တွေကလည်း ဒီကနေ့မှာ ကျရောက်ခဲ့တဲ့ ချောရတနာရဲ့ အသက် ၃၉ နှစ်ပြည့် မွေးနေ့လေးကို ဆုမွန်ကောင်း တောင်းပေးလိုက်ပါဦးနော်...။

Photo Credit - Chaw Yadanar

သတင်းအရင်းမြစ်: Source - Chaw Yadanar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။