တောင်ကိုရီးယား နာမည်ကြီးမင်းသမီးဖြစ်တဲ့ Park Min-young တစ်ယောက် နာမည်ကြီး စီးပွားရေးသမားဖြစ်တဲ့ Kang Jong-hyun နဲ့ တွဲနေတယ်ဆိုတဲ့သတင်းဟာ ပရိသတ်တွေကြားမှာ စိတ်ဝင်စားမှု မြင့်တက်နေပါတယ်။ ထပ်မံထွက်ရှိလာတဲ့ သတင်းတွေအရ Park Min-young နဲ့ တွဲနေတယ်လို့ သတင်းတွေထွက်နေတဲ့ စီးပွားရေးသမား Kang Jong-hyun က ငွေကြေးနဲ့ပတ်သက်ပြီး အရှုပ်အထွေးရှိတဲ့သူလို့ ပြောနေကြပါတယ်။ 

Google 

Kang Jong-hyun ရဲ့ business card ထဲမှာ Bident ၊ Inbiogen ၊ Bucket Studio နဲ့ Bithumb Live တို့ရဲ့ ဥက္ကဌဆိုတဲ့ စာသားပါပါတယ်။ သူ့ကို Bithumb ရဲ့ ဥက္ကဌ အဖြစ်လည်း လူသိများပါတယ်။ Kang Jong-hyun က Hannam-dong မှာရှိတဲ့ ဇိမ်ခံအိမ်ကြီးမှာ နေထိုင်ပြီး အဆိုပါနေရာမှာ Park Min-young လည်း အတူနေထိုင်တယ်လို့ ဓာတ်ပုံတွေအရ သိရပါတယ်။

Google
Google

Kang Jong-hyun က Maybach SUV ၊ Lamborghini ၊ Bentley နဲ့ Rolls-Royce တို့ကို စီးလေ့စီးထရှိပြီး ချစ်ရသူလေး Park Min-young ကိုလည်း အဝါရောင် yellow Urus ကြီး ဝယ်ပေးထားတယ်လို့ သိရပါတယ်။

Google

Kang Jong-hyun က ငွေရှာ အရမ်းတော်တဲ့သူတစ်ယောက်ဖြစ်ပြီး စီးပွားရေးလောကမှာ ငွေကြေးကို နည်းမျိုးစုံနဲ့ ရအောင်ရှာနိုင်တဲ့ သူဌေးကြီးအဖြစ်လည်း ထင်ရှားတယ်လို့ သိရပါတယ်။

Google


သူက အသက်အရွယ်အားဖြင့်လည်း ကြီးတာကြောင့် Park Min-young နဲ့ တွဲနေတာက မလိုက်ဖက်ဘူးလို့ ပရိသတ်တွေက ဝေဖန်ထားကြပါတယ်။  စီးပွားရေး လောကမှာ လည်လည်ပတ်ပတ်ရှိလွန်းလှတဲ့ သူဌေးကြီးနဲ့တွဲနေတဲ့ သတင်းတွေထွက်နေတဲ့တောင်ကိုရီးယားမင်းသမီး Park Min-young ရဲ့ အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။