တောင်ကိုရီးယားမင်းသမီး Han Groo ဟာဆိုရင် စက်တင်ဘာလ ၂၇ ရက်နေ့မှာ ၇ နှစ်ကြာ လက်ထပ်ထားတဲ့ခင်ပွန်းဖြစ်သူနဲ့ လမ်းခွဲလိုက်ပြီ ဖြစ်တဲ့ အကြောင်းကို ကြေညာခဲ့ပါတယ်။ 

Google 
Google

မင်းသမီး Han Groo က လက်ရှိမှာကလေးနှစ်ယောက် မိခင်တစ်ယောက်ဖြစ်ပြီး ကွာရှင်းပြီးနောက်မှာ ရင်သွေးလေး နှစ်ယောက်ကို စောင့်ရှောက်ဖို့ တာဝန်ယူသွားမယ်လို့ သိရပါတယ်။ အကြောင်းအရင်း အသေးစိတ်ကိုတော့မင်းသမီးရဲ့ လုံခြုံရေးအတွက် ဖော်ပြနိုင်ခြင်းမရှိဘူးလို့ အေဂျင်စီဘက်က တောင်းဆိုထားပါတယ်။ 

Google

တောင်ကိုရီးယားမင်းသမီး Han Groo က အသက် ၂၃ နှစ်အရွယ် ငယ်ရွယ်စဉ်မှာ အနုပညာလောက ထဲကမဟုတ်တဲ့ သူနဲ့ လက်ထပ်ခဲ့တာဖြစ်ပါတယ်။ သူမရဲ့ ခင်ပွန်းဖြစ်သူက သူမထက် ၉ နှစ်ပိုငယ်ပြီး ချောမောခန့်ညားတဲ့သူအဖြစ် နာမည်ကြီးတဲ့သူဖြစ်ပါတယ်။ သူတို့ နှစ်ဦးရဲ့ မင်္ဂလာပွဲကို Grand Hyatt Seoul ဟိုတယ်မှာ အကျဉ်းချုံးကျင်းပခဲ့တာဖြစ်ပါတယ်။ 

Google

Han Groo က နာမည်ကြီးတဲ့သူတစ်ယောက်ဆိုပေမယ့် သူ့ရဲ့ လက်ထပ်ပြီးနောက်မှာ မိသားစု ကိစ္စတွေရယ် ၊ကိုယ်ဝန်ကိစ္စတွေရယ်ကြောင့် အနုပညာ လောကကနေ ရပ်နားခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ 

Google
Google

Han Groo ကို ၁၉၉၂ ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်တာကြောင့် သူမအသက်က ၃၀ နှစ်ရှိသွားပြီပဲ ဖြစ်ပါတယ်။

Google
Google

 Han Groo က အဆိုတော်တစ်ယောက်အဖြစ် ပွဲဦးထွက်လာခဲ့တဲ့သူဖြစ်ပြီး နာမည်ကြီး ဒရမ်မာတွေဖြစ်တဲ့ Scandal ၊  Marriage ၊  Not Dating ၊  Can We Get Married? တို့နဲ့ နာမည်ကြီးလာခဲ့တာဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။