တောင်ကိုရီးယား နာမည်ကြီး သရုပ်ဆောင် မင်းသား Nam Goong Min ဟာဆိုရင် အောက်တိုဘာလမှာ အချိန်အကြာကြီး တွဲခဲ့တဲ့ ချစ်သူ ကောင်မလေးနဲ့ မင်္ဂလာပွဲ ကျင်းပတော့မယ်လို့ သိရပါတယ်။ Nam Goong Min ရဲ့ ချစ်သူကောင်မလေးက သရုပ်ဆောင် ၊ မော်ဒယ် Jin Ah Reum ဖြစ်ပြီး အခုလ အောက်တိုဘာလမှာ လက်ထပ်တော့မယ်လို့ သိရပါတယ်။ Nam Goong Min လက်ထပ်တော့မယ်ဆိုတဲ့အကြောင်းကို 935 အင်တာတိန်းမန့်ကနေ တရားဝင်ကြေညာပေးခဲ့တာဖြစ်ပါတယ်။ 

Google 
Google

Nam Goong Min ရဲ့ မင်္ဂလာပွဲကို အောက်တိုဘာလ ၇ ရက်နေ့ မှာ တောင်းကိုရီးယားနိုင်ငံ ၊ ဆိုးလ်းမှာပဲ မိသားစုဝင်တွေ ခင်မင်ရင်းနှီးတဲ့ မိသားစုဝင်တွေနဲ့ အကျဉ်းချုံး ကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Google
Google

တောင်ကိုရီးယားမင်းသား Nam Goong Min နဲ့ သတို့သမီးလောင်းဖြစ်သူ မင်းသမီး Jin Ah Reum တို့ ၂၀၁၅ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ 'Light My Fire' ဆိုတဲ့ ဇာတ်လမ်းထဲမှာ ဒါရိုက်တာနဲ့သရုပ်ဆောင်အဖြစ် စတင်တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။ မင်းသား Nam Goong Min က လက်ရှိမှာ ထုတ်လွှင့်ပြသနေဆဲဖြစ်တဲ့ One Dollar Lawyer ဆိုတဲ့ ဇာတ်လမ်းတွဲမှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။

Google

သူတို့နှစ်ဦးသားက ၂၀၁၆ ခုနှစ်စတင်တွဲနေကြပြီလို့ တရားဝင်ကြေညာခဲ့တာဖြစ်ပြီး တွဲပြီး ၆ နှစ်အကြာမှာ လက်ထပ်တော့မယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။ မကြာခင်မှာလက်ထပ်တော့မယ့် အနုပညာရှင်စုံတွဲလေးအတွက် ဂုဏ်ယူစွာနဲ့ အခုသတင်းလေးကို ဝေမျှပေးလိုက်ပါတယ်နော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။