တောင်ကိုရီးယား နာမည်ကြီး မင်းသမီး Park Minyoung ဟာဆိုရင် မကြာသေးမီက Cryptocurrency Exchange ကုမ္ပဏီက စီအီးအိုနဲ့ တွဲနေတယ်ဆိုတဲ့ သတင်းတွေ ထွက်လာပါတယ်။ 

Google 

ဒီအကြောင်းအရာကို ဓာတ်ပုံတွေနဲ့တကွအတူတကွ Dispatch က တင်ပေးလာတာဖြစ်ပါတယ်။ Park Minyoung နဲ့ တွဲနေတယ်လို့ သတင်းတွေ ထွက်ရှိခဲ့တဲ့အမျိုးသားရဲ့ နာမည်က Kang Jonghyun ဖြစ်တယ်လို့ သိရပြီး သိုသိုသိပ်သိပ်နေထိုင်တတ်တဲ့ သူဌေးတစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။ 

Google 

စီအီးအို Kang Jonghyun ရဲ့ အသက်က ၁၉၈၂ ခုနှစ် မှာမွေးခဲ့တာဖြစ်တာကြောင့် အသက်က ၄၀ နှစ်အရွယ်ရှိပြီပဲဖြစ်ပါတယ်။ Park Minyoung  ရဲ့ အသက်နဲ့ဆိုရင် ၄ နှစ် တိတိကြီးပါတယ်။ စီအီးအို Kang Jonghyun က သိုသိုသိပ်သိပ်နေထိုင်တတ်တဲ့သူဖြစ်ပြီး အနေအေးတဲ့ သူတစ်ယောက်လို့ သိရပေမယ့် ငယ်ရွယ်ပြီးလှပတဲ့ Park Minyoung နဲ့ မလိုက်ဖက်ဘူးလို့ ပရိသတ်တွေက ဆိုထားကြပါတယ်။

Google 
Google 
Google 
Google 
Google 

သူတို့နှစ်ဦး တွဲနေကြပြီဆိုတဲ့ သတင်းတွေကို Dispatch က ဓာတ်ပုံတွေနဲ့တကွ ထုတ်ဖော်ခဲ့တာဖြစ်ပြီး ချက်ချင်းဆိုသလိုပဲ ပရိသတ်တွေကြားမှာ လူပြောများလျက်ရှိပါတယ်။

Google 

 ကြွယ်ဝချမ်းသာလွန်းတဲ့ သူဌေးကြီးနဲ့ တွဲနေတဲ့ Park Minyoung ရဲ့ သတင်းကို အေဂျင်စီဘက်က အခုအချိန်ထိ ဖြေရှင်းထားခြင်း မရှိသေးပါဘူး။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။