တောင်ကိုရီးယားကလေးသရုပ်ဆောင်လေး Kim Hye Seong ဟာဆိုရင် တစ်ချိန်တစ်ခါက ဇာတ်လမ်းတွဲပေါင်းများစွာနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက် ရရှိခဲ့တဲ့ သူဖြစ်ပါတယ်။ Kim Hye Seong က ကလေးသရုပ်ဆောင် အဖြစ်နဲ့ ပွဲဦးထွက်လာခဲ့တဲ့သူဖြစ်ပြီး နုပျို ချောမောလွန်းတဲ့ မျက်နှာလေးကြောင့် လူကြိုက်များခဲ့တဲ့သူလေး ဖြစ်ပါတယ်။ Kim Hye Seong က ရယ်လိုက်ရင် ချိုမြိန်လွန်းလို့ ရွှေရင်အေးလေးလို့တောင် တင်စားခေါ်ဝေါ်ခြင်း ခံခဲ့ရတဲ့သူဖြစ်ပါတယ်။ 

Google
Google
Google

Kim Hye Seong က ၂၀၀၅ ခုနှစ်ကတည်းက အနုပညာ လောကထဲကို စတင်ဝင်ရောက်ခဲ့တဲ့သူဖြစ်ပြီး ၂၀၁၇ ခုနှစ်မှာ အနုပညာ လှုပ်ရှားမှုတွေထဲမှာ သိပ်ပြီး မတွေ့ရတော့ပါဘူး။ Kim Hye Seong က လက်ရှိမှာ အသက် ၃၀ ကျော်အရွယ်ဖြစ်နေပြီး အနုပညာအလုပ်တွေ ဆက်လက် လုပ်ကိုင်ဖို့ကို ယုံကြည်မှု မရှိတော့ဘူးလို့ ဆိုပါတယ်။ 

Google
Google

Kim Hye Seong ရဲ့ လက်ရှိပုံစံက ဆံပင် အရှည်လေးနဲ့ ဖြစ်ပေမယ့် ချောမောခန့်ညားမှုတွေကတော့ ပျောက်ကွယ်မသွားသေးပါဘူး။ 

Google
Google
Google
Google

Kim Hye Seong က လက်ရှိမှာ အသက် ၃၄ နှစ်ရှိသွားပြီပဲ ဖြစ်ပါတယ်။ တစ်ခတ်တစ်ခါကကလေး သရုပ်ဆောင်အဖြစ် လျှမ်းလျှမ်းတောက်အောင်မြင် ခဲ့တဲ့ ကလေးသရုပ်ဆောင်လေး Kim Hye Seong ရဲ့လက်ရှိအခြေနေလေးကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။