တောင်ကိုရီးယားမင်းသမီး Park Hae Mi ဟာဆိုရင် သီချင်းပြဇာတ်သရုပ်ဆောင် အဖြစ်သာမက ၊ ရုပ်ရှင်ဇာတ်လမ်းတွဲ မှာပါ ပရိသတ်တွေရဲ့ အားပေးခြင်းကို တခဲနက်ရရှိထားတဲ့သူဖြစ်ပါတယ်။ 

Google 

Park Hae Mi ဟာ ခင်ပွန်းဖြစ်သူနဲ့ ၁၉၉၅ ခုနှစ်မှာ လက်ထပ်ထားတဲ့သူဖြစ်ပြီး ခိုင်မြဲတဲ့ တွဲလက်တွေ ရှိခဲ့တဲ့ သူဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူမရဲ့ ခင်ပွန်းဖြစ်သူက အရက်မူးပြီး ကားမောင်းခဲ့တာကြောင့် ကားပေါ်မှာပါလာတဲ့ လူ၅ ယောက်မှာ ၂ ယောက် အသက်သေဆုံးသွား ခဲ့ပါတယ်။ 

Google 

လူသေစေလောက်တဲ့အထိ ပြစ်မှုကြီး ဖြစ်ခဲ့ပြီးတဲ့နောက်မှာ Park Hae Mi က ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းခဲ့ပြီးအနုပညာ လှုပ်ရှားမှုတွေ အားလုံးကနေ ပျောက်ကွယ်သွားခဲ့ပါတယ်။ Park Hae Mi က သူမရဲ့အမှားတွေကိုပြန်လည်ပြင်ဆင်ပြီး ဘဝကြီးကို အစကနေ ပြန်လည်စချင်တာကြောင့် ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းခဲ့တာဖြစ်တယ်လို့သိရပါတယ်။ 

Google 

Park Hae Mi က ခင်ပွန်းဖြစ်သူနဲ့  ကွာရှင်းခဲ့ရတာက သူ့အတွက် ကြီးမားတဲ့ ဆုံးဖြတ်ချက်ကြီးတစ်ခု ဖြစ်တယ်လို့သိရပြီး တော်တော်လေး တုန်လှုပ်ခဲ့တာကြောင့် ကုစားဖို့အတွက် အနုပညာ လှုပ်ရှားမှုတွေကနေ ရပ်တန့်ခဲ့ပါတယ်။ 

Google 

နာမည်ကြီးတောင်ကိုရီးယား မင်းသမီးကြီး Park Hae Mi တစ်ယောက် ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းခဲ့ရတဲ့ စိတ်ထိခိုက်စရာ အကြောင်းအရင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

Google 

 Park Hae-Mi က ခင်ပွန်းဖြစ်သူနဲ့ကွာရှင်းခဲ့ချိန်မှာ ရင်သွေးလေး နှစ်ယောက်ကို ရရှိပိုင်ဆိုင်ထားပြီပဲ ဖြစ်ပါတယ်။

Google 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။