တောင်ကိုရီးယားမင်းသမီး ပတ်ဂျင်ဟီးဟာဆိုရင် တစ်ခေတ်တစ်ခါက နာမည်ကြီး အောင်မြင်ခဲ့တဲ့ ဇာတ်လမ်းတွဲကောင်းများစွာမှာပါဝင်သရုပ်ဆောင်ဖူးတဲ့သူဖြစ်ပါတယ် ။ ပတ်ဂျင်ဟီးက ၂၀၁၄ ခုနှစ်မှာ ရှေ့နေခင်ပွန်းဖြစ်သူနဲ့လက်ထပ်ခဲ့ပြီး ၂၀၁၄ ခုနှစ်ဒီဇင်ဘာလမှာ သမီးဦးလေးကို မွေးဖွားခဲ့ပါတယ်။ ဒုတိယ သားလေးကိုတော့ ၂၀၁၈ ခုနှစ် ၊ ဇွန်လမှာ မွေးဖွားခဲ့ပါတယ်။ 

Google
Google

သရုပ်ဆောင်ကောင်းသလို ချစ်ဖို့လည်း အရမ်းကောင်းတဲ့ ပတ်ဂျင်ဟီးဟာ လက်ထပ်ပြီးနောက်မှာလည်းတစ်ဟုန်ထိုးအောင်မြင်ခဲ့တဲ့သူဖြစ်ပါတယ်။ ပတ်ဂျင်ဟီးက အနုပညာဘက်မှာ ထူးချွန်ရုံသာမက အများပြည်သူအကျိုးဆောင်ရွက်ရတဲ့ လုပ်ငန်းတွေမှာလည်း ထူးချွန်တဲ့သူဖြစ်ပါတယ်။ သူမဟာဆိုရင် ၂၀၂၁ ခုနှစ်မှာ Natural heritage ambassador အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပါတယ်။ 

Google

ပတ်ဂျင်ဟီး က သဘာဝတရားကိုနှစ်သတ် သဘောကျတဲ့သူဖြစ်ပြီး အပင်လေးတွေ စိုက်ရတာ ဝါသနာပါတဲ့သူဖြစ်တာကြောင့် သူမရဲ့ အင်စတာဂရမ် စာမျက်နှာပေါ်မှာသဘာဝ ဆန်ဆန် အလှတရားလေးတွေ များစွာကို တွေ့ရှိရပါတယ်။ 

Instagram 
Instagram 
Instagram 
Instagram 

ပတ်ဂျင်ဟီးက လက်ရှိမှာ The King of Tears, Lee Bang-won ဆိုတဲ့ ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။ 

Instagram 

သားသားမီးမီးလေး နှစ်ယောက်နဲ့ ခင်ပွန်းဖြစ်သူနဲ့အတူ ဘဝကြီးကို ပျော်ရွှင်စွာနေထိုင်နေတဲ့ တောင်ကိုရီးယား မင်းသမီး ပတ်ဂျင်ဟီးရဲ့ အကြောင်းကို စိတ်ဝင်စားဖွယ်လေး ဖော်ပြပေးလိုက်ပါတယ်။

Instagram 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။